Part 8

53 10 0
                                    

ယူဂျင်းအပြောကြောင့် coffee ဆိုင်ထဲမှာ နှစ်ယောက်သားစကားပြောဖြစ်ကြပါတယ် ၊မတွေ့ရတာကြာပြီမို့ နှစ်ယောက်သားကြားမှာလေထုက တိတ်ဆိတ်နေလျှက်၊ယူဂျင်းကတော့ ဂယူ့မျက်နှာလေးကိုစိုက်ကြည့်နေမိတယ်။

" ဟျောင်း လမ်းကြုံဝင်လာတာလား"

" အင်..."

ဂယူ့ရဲ့ "အင်"တစ်လုံးအပြီးလေထုကပြန်ငြိမ်သက်သွားပြန်တယ်၊စကားကိုဘယ်လိုအစရှာရမလဲမသိနေတဲ့ဂယူဘင်းတစ်ယောက်၊ဖြစ်ခဲ့သမျှကသူ့ကြောင့်မို့ ယူဂျင်းရဲ့မျက်နှာကိုလဲသေချာမကြည့်နိုင်ခဲ့ပေ၊

"ဟျောင်း ပြောစရာမရှိဘူးလား"

"......"

"ဒါဆိုလဲ အေးဆေးနေပါ၊ကျွန်တော်အလုပ်ပြန်လုပ်တော့မယ်"

"ခန ခနလေးပါ"

ယူဂျင်းထရာမှပြန်ထိုင်လိုက်ရသည် ၊ဒီတစ်ခါတော့ ဂယူတစ်ခုခုပြောတော့မယ်ထင်ပါတယ်။

"ဟျောင်း အရှေ့မှာပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်၊ မရည်ရွယ်ပါဘူး၊မဖြစ်သင့်တာတွေလုပ်မိခဲ့တာ"

" ဘာကိုလဲ "

" ယူဂျင်းသိမှာပါ၊ ဟျောင်း နောက်ဆိုယူဂျင်းရှေ့မှာပေါ်မလာတော့ဘူး၊ကတိပေးတယ်၊ဘာမှမဖြစ်ခဲ့သလိုပဲ နေပေးပါယူဂျင်း"

"ဒီလိုသူများကို ချစ်ကြောင်းပြောပြီးမှ ရှောင်ထွက်တာ လူညံ့တွေလုပ်တဲ့အလုပ်မဟုတ်ဘူးလား ဟျောင်း"

ယူဂျင်းက ဂယူ့ မျက်နှာကိုစေ့စေ့ကြည့်ပြီးပြောလိုက်သည်

" ဟျောင်းကဖြစ်သင့်တာပြောနေတာပါ၊ယူဂျင်းဘက်ကိုအတင်းဖိအားမပေးချင်ဘူး"

" တာဝန်ယူပါ ၊ ချစ်ကြောင်းပြောပြီးမှတော့ ဟျောင်းတာဝန်ယူရမှာပေါ့ "

ဂယူတစ်ချိန်လုံးလွှဲထားတဲ့မျက်နှာကို ဖြတ်ခနဲကြည့်လိုက်သည်၊

"ဘာကိုလဲ ယူဂျင်း "

" ကျွန်တော်အလုပ်ပြန်လုပ်ရတော့မယ် ၊ညကျမှ တစ်နေရာမှာစကားပြောကြတာပေါ့၊ကျွန်တော်နေရာပို့ပေးလိုက်မယ်"

" စကားကိုပြီးအောင် ပြောလေး ယူဂျင်း၊ ယူဂျင်း...."

ဂယူ့ကိုပြန်မလှည့်ကြည့်တော့ပဲ လုပ်စရာရှိသည်များကိုသာဦးတည်လုပ်နေလေသည်၊ဒီမှာပဲ စကားဝိုင်းကအစပျက်သွားလေသည်၊ယူဂျင်းမှာပြောစရာစကားတွေအများကြီးရှိသလို ဂယူ့မှာလဲပြောစရာတွေမှအများကြီးပါ၊ဒီလိုနဲ့ ဂယူဆိုင်ထဲမှထွက်ခဲ့ပြီး သူ့အဖေ COMPANY ကိုအမြန်ထွက်လာခဲ့လိုက်သည်၊သူအချိန်တွေကိုမစောင့်နိုင်ပါ၊ယူဂျင်းနှင့်စကားအမြန်ပြောပြီး အစကသူမှားခဲ့တာတွေကို ပြန်တောင်ပန်းမို့ သူအလျှင်လိုနေလေသည်၊ COMPANY ကိုအမြန်ထွက်လာခဲ့လိုက်သည်၊သူအချိန်တွေကိုမစောင့်နိုင်ပါ၊ယူဂျင်းနှင့်စကားအမြန်ပြောပြီး အစကသူမှားခဲ့တာတွေကို ပြန်တောင်ပန်းမို့ သူအလျှင်လိုနေလေသည်၊
COMPANY သို့အရောက်-

You've reached the end of published parts.

⏰ Last updated: Aug 01 ⏰

Add this story to your Library to get notified about new parts!

ကိုကို့ရဲ့မူပိုင်~~~Where stories live. Discover now