"အရမ်းစောမနေဘူးလား"
" ယူဂျင်းအတွက်စောနေပေမယ့် ဟျောင်းအတွက်ကနောက်ကျနေပါပြီး ၊ယူဂျင်းကိုစတွေ့တဲ့နေ့ကတည်းက ယူဂျင်းနောက်ကိုတစ်ကောက်ကောက်လိုက်ခဲ့တာပါ၊သတိထားမိရဲ့လား၊ဘယ်လိုပြောရမလဲ ယူဂျင်းဘေးမှာပဲအမြဲနေချင်တာမျိုး၊စောင့်ရှောက်ပေးချင်တယ်၊ယုယပေး ချင်တယ်"
"မဖြစ်နိုင်ဘူး"
ယူဂျင်း ဂယူလှမ်းဆွဲထားသည့်လက်ကိုဆောင့်ချလိုက်မိသည်၊ အရာရာကိုချင့်ချိန်သုံးသပ်ပြီးမှ ရင့်ကျက်တဲ့အတွေးအခေါ်မျိုးကို ပိုင်ဆိုင်ထားတဲ့ယူဂျင်းက ဒီလိုကိစ္စကိုလဲ သူအများကြီးတွေးနေမိသည်၊အဘက်ဘက်ကိုပြန်ကြည့်ရင် ဘယလိုမှမဖြစ်နိုင်တာမို့ အစကို မပျိူးတော့တာပါ၊အစကတည်းက နှစ်သောက်သားမပက်သက်မိရင်ကောင်းသားဆိုတဲ့အတွေးကိုလဲယူဂျင်းအများကြီးတွေနေမိလေရဲ့။
" မဖြစ်နိုင်တာ ဟျောင်း ဘဝမှာမရှိသေးဘူးနော်၊ ဟျောင်းလက်လွတ်စပယ်ပြောနေတာမဟုတ်ဘူး၊အရာအားလုံးကိုစဉ်းစားပြီးမှ ပြောလိုက်မိတာပါ၊ဟျောင်း မှားသွားလား ၊ပြောခွင့်မရှိဘူးလား ယူဂျင်းရာ"
"ဟျောင်း ပြောခွင့်ရှိသလို၊ကျွန်တော်ကော ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်မလား၊မလိုလားအပ်တာတွေမဖြစ်ရအောင် ဒီလောက်နဲ့ပဲရပ်ကြရအောင်ပါ၊ပြောခဲ့တာတွေကို ကျွန်တော်မကြားသလိုထားပေးလိုက်မယ်၊ သူငယ်ချင်းလိုပဲနေကြရအောင်၊ဒါကကျွန်တော်တို့အတွက်ပိုအဆင်ပြေမယ်ထင်တယ်"
ယူဂျင်း စကားပြောပြီးအဆုံး ဂယူတစ်ယောက်ထိုင်ရာမှမက်တပ်ထလိုက်သည်၊ဝေဝါးနေသော အတွေးတွေနဲ့မို့ လူကယိုင်တိုင်တိုင်ပါ
" အခုလိုတွေပြောပြီးမှ အရင်လိုနေကြရအောင်ဆိုတာက ဖြစ်သင့်လား ယူဂျင်း၊ဂျောင်းတော့အဆင်ပြေမယ်မထင်ဘူးနော်၊ယူဂျင်းကောနေနိုင်တာလား၊အဆင်ပြေမယ်ထင်လား"
"နေကြည့်ရမှာပဲ၊ မနက်ကျွန်တော်အလုပ်ရှိသေးတယ်၊ပြန်ကြရအောင်"
ယူဂျင်းက ပြောပြီးသည်နှင့် စက်ဘီးရှိရာနေရာကိုတစ်ယောက်ထဲလမ်းလျှောက်ထွက်လာခဲ့လိုက်သည်၊အနောက်မှာတစ်ယောက်ထဲကျန်ခဲ့တာက ဂယူဘင်း ၊ ညဘက်မို့လို့အရာအားလုံးကတိတ်ဆိတ်နေသလို၊မှောင်မဲနေတာကြောင့် ဂယူ့ ပါးပြင်ထက်ကမျက်ရည်တွေကိုတော့ ယူဂျင်းမမြင်လိုက်ရပေ၊ ဒီလိုဖွင့်ပြောလိုက်မိတာကြောင့် သူ့ကိုယ်သူအပြစ်တင်လို့မဆုံးပါ ၊သူငယ်ချင်းဘဝနဲ့တင်အရာရာအဆင်ပြေနေသည်ကို သူကဖျတ်စီးလိုက်သလိုခံစားနေမိသည်၊အားလုံးသူ့ကြောင့်ပျက်စီးသွားပြီးဆိုတဲ့အသိကြောင့် တော်ရုံနေရာကနေမသွားနိုင်ပေ၊ယူဂျင်းနဲ့အတူတူမပြန်တော့ပဲ ၊ တစ်ယောက်ထဲသာနေခဲ့လိုက်မိသည်၊ယူဂျင်းကသိသည်မို့ တစ်ယောက်ထဲပဲအိမ်ကိုပြန်ခဲ့လိုက်သည်၊အိမ်ပြန်လမ်းတစ်လျှောက်မှာတော့ အတွေးပေါင်းစုံဖြစ်သာ ၊ငြင်းလိုက်ရသည်ဆိုပေမဲ့ ယူဂျင်းတစ်ယောက်မပျော်နေနိုင်ပါ ၊ဘာလို့ဆို ယူဂျင်းလဲ စိတ်ဝင်စားမှုရှိခဲ့တယ်မဟုတ်လား၊အဖြစ်အပျက်တွေကမြန်လွန်းလို့လား၊အသိုင်းအဝိုင်းကအရမ်းကွာခြားနေတာကြောင့်လား၊ဘယ်အကြောင်းကြောင့် သူငြင်းမိလိုက်သည်မသိပါ၊
အဲ့နောက်ပိုင်းသူတိူ့နှစ်ယောက်ရက်အနည်းငယ်ကြာ မတွေ့ဖြစ်ကြတော့ပဲ ကိုယ်ပိုင်ဘဝတွေထဲနေ့စဉ်လုပ်ငန်းတွေနဲ့သာလည်ပက်နေကြသည်၊ယူဂျင်းက အရင်ကထပ်ပိုတိတ်ဆိတ်သွားသည်၊သူ့စရာအလုပ်တွေကိုသာဆက်လုပ်နေပြီး တော်ရုံဘယ်သူနဲ့မှစကားမပြောတော့တာပါ၊