ဒီနေ့ ယူဂျင်းလေး အလုပ်ပိတ်ရက်မို့ ဂယူဘင်းနဲ့နှစ်ယောက်သားလျှောက်လည်ဖြစ်ကြတာပါ၊ဂယူဘင်းပြောထားတာလဲပါတာမို့ တွေ့ဖြစ်ကြတယ်ထင်တယ်
ပိတ်ရက်မို့လူကစည်နေတယ်၊လမ်းတစ်လျှောက်စားသောက်ဆိုင်တွေမှာ လူတွေတိုးနေကြကောပေါ့၊ပန်းခြံတွေကအစ လူတွေပြည့်ကျပ်လျှက်။
ယူဂျင်းလေးကချိန်းထားတဲ့နေရာကိုနောက်ကျမှရောက်လာတာပါ စက်ဘီးလေးကိုအပြိုင်နင်းရသေးတယ်မို့လား။ဂယူကတော့ တွေ့ချင်သူမို့ အစောကြီးရောက်နှင့်နေပြီးသား" ယူဂျင်း ..ရောက်ပြီလား"
"......."
"မေးတာတောင်မဖြေဘူး"
"ခနလေးဗျာ ဒီမှာမောလို့"
"အား sorry ,ဟျောင်းလောသွားတယ်" မချိုမချဉ်အပြုံးလေးပြုံးလျှက်
"ရပါတယ် စောင့်နေရတာကြာပြီလား"
"မကြာပါဘူး ခနလေးမှရောက်တာ၊ဟျောင်းပြောသားပဲ ကားနဲ့လာကြိုပါမယ်ဆို ၊ယူဂျင်းကလက်မှမခံတာ"
"အခုရောက်ပြီးလေး၊ဘာလို့ပြန်ပြောနေတာလဲ"
"အင်းပါ လာ အေးတယ် coffee ဆိုင်ထဲတစ်ချက်ထိုင်ရအောင်"
"ဘာလို့လူဒီလောက်များနေရတာလဲမသိဘူး"
ပြောရင်းဆိုရင်းနှစ်ယောက်သား coffee ဆိုင်ထဲသို့ဦးတည်ဝင်လိုက်ကြတယ် ၊ဆိုင်ထဲမှာတော့အေးအေးဆေးဆေးမို့နှစ်ယောက်သား ထိုင်ခုံလွတ်ရာနေရာတစ်ခုမှာဝင်ထိုင်လိုက်ကြတယ်။
"ဒီနေ့ ယူဂျင်းဘာစားချင်လဲ၊ဟျောင်းအကုန်ဝယ်ကျွေးမယ်၊မငြင်းရဘူး"
"ကျွန်တော်ဗိုက်ဆာနေတယ်ထင်လို့လား၊ဟျောင်းမို့လို့အတူတူထွက်လည်ပေးတာ၊နောက်မို့ဆို ကျွန်တော်အိမ်မှာပဲနားတယ်"
"အင်းပါ၊ကျေးဇူးတင်ပါတယ်ဗျာ"
"ရွဲ့တာလား"
"ယူဂျင်းရာ ပျော်စရာအချိန်လေးကိုဒီလိုလုပ်မနေပါနဲ့၊ထွက်လာပြီးမှတော့ပျော်အောင်နေလေး၊တစ်ခါတစ်လေနားရတာမလား"
"....."
"ထားပါတော့ တစ်ခုခုစားပြီးရင် ဟန်မြစ်နားသွားထိုင်ပြီး အပန်းဖြေရအောင်၊မရောက်တာကြာပြီမလား"