Ep - 2

316 52 3
                                    


tvn ရုပ်သံလိုင်းဆို ထုတ်သမျှ program တွေက
ratingများများ စိတ်ဝင်စားမှုခံရတာတွေချည်း
အဲ့လိုရုပ်သံလိုင်းမှာ ပီဒီတွေအများကြီး
အစီအစဉ်တွေအများကြီးရှိပေမဲ့ ပီဒီတိုင်းကတော့
လိုချင်တဲ့အောင်မြင်မှုအတိုင်း ရနေတာမဟုတ်

အဲ့လိုပီဒီတွေထဲလဲ မက်သျူးကအပါအဝင်...

" မက်သျူး ... ဒီနေ့အစည်းအဝေးက
အရေးကြီးတယ်နော် သေချာပြင်ထားတယ်မလား "

" ဟုတ် ပြင်ထားတယ် "

" မင်းကို ထည့်ရတာလဲ ခပ်လန့်လန့်ပါကွာ
မင်းကျိန်စာကလဲ တော်ရုံမဟုတ်ဘူး "

မက်သျူးမျက်နှာကွက်ခနဲပျက်သွားပေမဲ့
ရာထူးနှစ်ဆင့်လောက်မြင့်တဲ့ ဌာနမှူးရဲ့စကားဖြစ်နေလို့
မက်သျူး ပြန်မချေပဖြစ်
ဒီတိုင်းလေးပဲပြုံးပြရင်း ရုံးခန်းထဲက ထွက်လာခဲ့တယ်

" ဟူး ... ငါလဲ ဘယ်လိုလုပ်မှ ဒီအပြောတွေက
လွတ်တော့မှာလဲကွာ "

မက်သျူးက ဖျော်ဖြေရေးလောကကို
ဝါသနာကြီးလွန်းလို့ သက်ဆိုင်ရာမေဂျာကနေ
အဆင့်ကောင်းကောင်းနဲ့ကျောင်းပြီးခဲ့တာပေမဲ့
အခုလက်ရှိကတော့ မက်သျူးစိတ်ကူးထားတာတွေနဲ့
အကုန်လွဲနေခဲ့တယ်

မက်သျူးရိုက်တဲ့ ပရိုဂရမ်တိုင်းက
လူစိတ်ဝင်စားမှုမခံရဘဲ goal failတဲ့အစီအစဉ်တွေ
ဖြစ်နေလို့ ဌာနကလူတွေက မက်သျူးပီဒီကျိန်စာဆိုပြီး
စသလိုလိုနောက်သလိုလိုနဲ့ အတည်ခေါ်ကြတယ်
နာမည်ကြီးcastတွေပါတဲ့showတွေဆိုလည်း
မက်သျူးက လုပ်ချင်ပေမဲ့ လုပ်နိုင်ပေမဲ့
မက်သျူးကျိန်စာဆိုတာနဲ့ကိုင်ပေါက်ပြီး
အမြဲလက်ရှောင်နေခဲ့ခိုင်းတယ်

ခု ပရိုဂရမ်ကလဲ နာမည်ကြီးအနုပညာရှင်တွေနဲ့
ခရီးသွားအစားအသောက်ရှိုးတစ်ခု
အစက မက်သျူးကိုမပါခိုင်းပေမဲ့
ဌာနက စီနီယာကြီးတစ်ယောက်က
အစီအစဉ်ရဲ့ ပီဒီကြီးတစ်ယောက်ဖြစ်တာမို့
ဖယ်မထားသင့်ဘူးလို့ ပြောလာတာနဲ့
အရံပီဒီအနေနဲ့ ပါခိုင်းထားတာဖြစ်တယ်

~

" မက်သျူးပီဒီ ... Castတွေရောက်လာပြီနော် "

" ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါမယ် "

Heaven of SinWhere stories live. Discover now