Ep - 4

224 44 3
                                    

ting tong ‼️

ဖုန်းက notiသံကြားလို့ ဖွင့်ကြည့်လိုက်တော့
ig က dm လို့ထင်ရတဲ့ စာတစ်စောင်

အလုပ်နားရက်ဆိုတော့ အိမ်မှာ နေနေရင်း
မက်သျူးလဲ ဘာမှလုပ်စရာမရှိတာနဲ့
စာပြန်မယ်ဆိုပြီး ဖွင့်ဖတ်ကြည့်လိုက်တယ်

💬 " ဆော့ပီဒီနင်းမ် ...
ကျွန်တော့် dmကို ဖတ်မလားမသိပေမဲ့
ဒီတစ်ခါအစီအစဉ်မှာ fanဖြစ်လာခဲ့တယ်ဆိုတာ
ပြောပြချင်လို့ပါ စိတ်ဝင်စားဖို့ကောင်းပြီး ရယ်ရလို့
နောက်အပိုင်းတွေ မစောင့်နိုင်တော့ဘူးဗျာ

နောက်ထပ် ရှိုးတွေလဲ မျှော်လင့်နေပါတယ်ခဗျ
ပီဒီနင်းမ်ရဲ့ fan ဂူဘင်းဂူဘင်း မှ ... "

စာဖတ်ပြီးတော့ မက်သျူးပြုံးမိသွားတယ်
လုပ်ဖော်ကိုင်ဖက်တချို့ဆီကပဲ စာလာဖူးတာကို
အခုကျ ထူးထူးဆန်းဆန်းပါပဲ
fan ဆိုတဲ့ ကောင်လေးတစ်ယောက်ဆီကတဲ့လေ

💬 " ကျေးဇူးတင်ပါတယ် ဂူဘင်းနင်းမ်
နောက်ရှိုးတွေအတွက်လဲကြိုးစားပါ့မယ် "

စာပြန်ပို့ထားလိုက်ပြီးတော့ ပျင်းတာနဲ့
အဲ့ကောင်လေး accထဲ ဟိုကြည့်ဒီကြည့်
ကြည့်ကြည့်လိုက်သေးတယ်

တက္ကသိုလ်ကျောင်းသားအရွယ်လေးထင်ပါရဲ့
သူငယ်ချင်းတွေနဲ့ လျှောက်လည်
လျှောက်စားတဲ့ပုံလေးတွေ တင်ထားတာ
ကျောင်းက activity တချို့ လုပ်တဲ့ပုံတွေရော
ရှူခင်းပုံလေးတွေရော
ဓာတ်ပုံလှလှလေးတွေတင်ထားလို့ ဒီကောင်လေး
တော်လှချည်လားလို့တောင် တွေးမိလိုက်သေး

ကြည့်နေရင်း မက်သျူးမျက်စိမှားတာလားမသိပေမဲ့
ပတ်ဂွန်းဝုနဲ့ တော်တော်တူတဲ့သူတစ်ယောက်လားပေါ့
သူ့သူငယ်ချင်းတစ်ယောက်နဲ့ပုံ တင်ထားတဲ့
post တစ်ခုကို ထောက်ကြည့်လိုက်တော့ ...

❝ ဒီနေ့ ငါ့သူငယ်ချင်း ဂွန်းဝုဂွန်းဝု ပတ်ဂွန်းဝုရဲ့
မွေးနေ့ ~~ ငါ့ကို အသားကင်ဝယ်ကျွေးတဲ့
ချစ်စရာ သူငယ်ချင်းလေး !! ငါ့ကိုအမြဲအသားကင်
ဝယ်ကျွေးနိုင်ဖို့ အလုပ်တွေအများကြီးကြိုးစားပေးပါ
ငါတို့အထက်တန်းကျောင်းတုန်းက
ပုံလေးတင်လိုက်တယ် ငါကြည့်ကောင်းနေလို့ပါ ဟဲဟဲ
ခရီးသွားတုန်းက အခန်းကုတင်လုတုန်းကလဲ
မင်းရယ်နေတာ ရှားရှားပါးပါးမလို့ တင်လိုက်ပြီကွ !!
p.s snsမသုံးတဲ့ငါ့သူငယ်ချင်းလေးမမြင်နိုင်ပေမဲ့
postတင်လိုက်ပြီ ချစ်ပါတယ် 🎂❞

Heaven of SinWhere stories live. Discover now