Ep - 3

195 42 1
                                    

ဂွန်းဝု ခုရက်ပိုင်းထဲ အလုပ်မှာသောင်တင်ပြီး
အိမ်မပြန်တော့တာ 4/5ရက်လောက်ရှိတော့မယ်
မပြန်လဲ သူ့အတွက်ကိစ္စတော့မရှိပေမဲ့
ကိစ္စရှိနေတာက သူ့မိဘတွေ...
ဘယ်နေရာမှာ ဘယ်လိုပြဿနာရှာထားလဲဆိုတာကို
ဂွန်းဝုက အဝေးကနေ ရင်တမမနဲ့ နေနေရတာ

အတွေးတွေပြန့်ကျဲနေရင်း ရှင်းလက်စ စားပွဲက
သံပုရာသီးခွံတစ်ခု လက်ပေါ်ကျလာတော့မှ
ဒဏ်ရာက စူးခနဲ စပ်သွားတာနဲ့ အတွေးတွေကို
ပြန်စုစည်းလိုက်မိတယ်

အဲ့နေ့က ဟိုလူ ဆေးရုံလိုက်ပို့ပြီးကတည်းက
နောက်နေ့ ဒဏ်ရာကို ဂွန်းဝုဘာမှ ပြန်မလုပ်ရသေး

စားပွဲကို အမြန်အမြန်ရှင်းလိုက်ပြီးတော့မှ
အလုပ်အားတုန်း နားနေခန်းထဲဝင်ပြီး
ဒဏ်ရာကို သေချာကြည့်ရတယ်
ရာသီဥတုကလဲ အေးအေးနဲ့
အနာကို ဆေးသေချာမထည့်မိတော့
ဒဏ်ရာက ခပ်ရေးရေးလေး ရောင်နေပြီ

လက်ကိုအဓိကထားသုံးပြီး အလုပ်လုပ်နေရတဲ့
ဂွန်းဝုအတွက် ဒီဒဏ်ရာကတော့ သေရာပါပါပဲ
ဒီဒဏ်ရာမသက်သာသေးတာနဲ့ လာကမ်းလှမ်းထားတဲ့
ပွဲတွေ ၂ပွဲ ၃ပွဲလောက်ငြင်းထားရတယ်

ဆေးရုံမှာပြတဲ့ရက်ကတည်းက
ဆရာဝန်ကပြောလိုက်တာ
လက်က အကြောတချို့ကို ထိသွားလို့
ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေကတော့
လုပ်လို့မရနိုင်သေးဘူးတဲ့လေ

အဲ့နေ့က အဲ့လူကိုလဲ ဂွန်းဝု ကျေးဇူးတော့တင်မိပါတယ်
ဂွန်းဝုက မသိဘဲရမ်းသမ်းပြီး ပစ်စလက်ခတ်
လျှောက်လုပ်မိရင် အလကားနေရင်း လက်ကသုံးမရဘဲ
ဖြစ်သွားနိုင်တယ်လေ
ဂွန်းဝု ဒဏ်ရာက နာတိုင်း တွေးတော့တွေးမိပေမဲ့
သူ့ကိုက tvကနေတစ်ဆင့်ပဲ မြင်နိုင်မဲ့သူဆိုတော့
ထပ်တွေ့ဖို့က မမျှော်လင့်ထားမိတော့ဘူး
ရေစက်ဆိုတာမကုန်ရင်တော့ ပြန်တွေ့မှာပဲပေါ့...

~

" ကလောက် !!! "

အိပ်ကပ်ထဲက ကီးချိန်းလေးပြုတ်ကျသွားတာကို
ကြားတာနဲ့ မက်သျူးတန်းကောက်ပြီး
ပြန်သိမ်းထားရတယ် ပိုင်ရှင်ဆီမရောက်ခင်
ကိုယ့်လက်ထဲမှာ ပျောက်လို့မဖြစ်တာကြောင့်လေ

Heaven of SinWhere stories live. Discover now