Ep - 7

154 39 3
                                    

ခါတိုင်း နိုးထနေရာနဲ့မတူဘဲ မွေ့ယာနူးနူးညံ့ညံ့ပေါ်မှာ
ဂွန်းဝု နိုးလာခဲ့တယ်
ညက ပီဒီကြီးနဲ့တွေ့ခဲ့တာကိုမှတ်မိပေမဲ့
ဂွန်းဝုအိမ်ကို လိုက်ပို့ပေးခဲ့တယ်ပဲ ထင်နေတာလေ
ဘေးဘီကို လှည့်ကြည့်မိတော့ သေချာလောက်ပါတယ်
ပီဒီကြီးရဲ့ အခန်းထဲ ရောက်နေတယ်ဆိုတာ

အခန်းကလဲ ပီဒီကြီးအတိုင်းပဲ နွေးထွေးနေတာ
နံရံဆေးအဝါနုနုလေးနဲ့ အသုံးအဆောင်လေးတွေကလဲ
အဖြူမဆန် အဝါမဆန်
နွေးထွေးတောက်ပတဲ့ အရောင်လေးတွေနဲ့
ဘာပစ္စည်းမှ သိပ်မရှိပုံထောက်ရင် ပီဒီကြီးလဲ
ဂွန်းဝုလိုမျိုး minimalist သမားပဲနေမှာ

" အော် ဂွန်းဝု နိုးနေပြီပဲ ခေါင်းကိုက်နေသေးလား "

အခန်းတံခါးဖွင့်လာတဲ့ မက်သျူးကြောင့်
ဂွန်းဝုအတွေးတွေ ခဏရပ်တန့်သွားခဲ့တယ်

" မကိုက်ပါဘူး ပီဒီကြီး ... နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားလို့နဲ့တူတယ် "

" တော်ပါသေးတယ်...
ဒီမှာပဲ ကိုယ်လက်သန့်စင်လိုက်ပေါ့
ရေချိုးခန်းက ဒီအခန်း ...
အဝတ်တွေကတော့ ခုံပေါ် တင်ပေးထားတယ်
ဂွန်းဝု အဆင်ပြေမှာ ရွေးဝတ်လိုက်ပါ "

ဂွန်းဝု ကြောင်အအလေးပဲ နားထောင်နေပြီး
မက်သျူးပြောတာတွေကို အဖြေပြန်မပေးမိ

" သေချာမနိုးသေးဘူးလား ဟဟ...
ပြီးရင် ထွက်လာခဲ့အုံးနော် မနက်စာပြင်ထားတယ် "

" ဟုတ် ဟုတ် "

မက်သျူးထွက်သွားတော့မှ
ဂွန်းဝု ကပျာကယာနဲ့ ရေချိုးဖို့လုပ်ရတယ်
ဝတ်ဖို့အဝတ်တွေပါ ပြင်ပေးထားမယ်တော့
မထင်ခဲ့ဘူးလေ

ရေပန်းကနေ ကျလာတဲ့ ရေနွေးနွေးလေးကြောင့်
ဂွန်းဝု မသိမသာလေးတော့ ပြုံးမိသွားတယ်

" မနေ့က ငါဘာလို့ အိမ်ပြန်ပို့ဖို့ မပြောခဲ့မိတာလဲ
တကယ်ပါပဲ ပတ်ဂွန်းဝု မင်းကတော့ !!!

ပီဒီကြီးနဲ့ငါ မနေ့က ဘာတွေပြောခဲ့သေးတာလဲ
စဉ်းစားစမ်းပါ ဟေ့ကောင်ရာ
မင်း မဟုတ်တာတွေပြောမိသွားတာများလား
အား ရှီးဘားလ် နောက်ခါ ငါမသောက်တော့ဘူး "

Heaven of SinWhere stories live. Discover now