Ep - 6

226 40 1
                                    

" ဒီနေ့ မအားလို့လားမသိဘူး
စာပို့ထားတာတောင် မဖတ်ဘူး ဒီကောင်လေး "

မက်သျူးတစ်ယောက်တည်း အလိုမကျစွာညည်းပြီး
ဖုန်းကို ကိုင်လိုက်ချလိုက်လုပ်နေတုန်း
မျက်လုံးလွှဲကြည့်မိလိုက်တာက ပုံနေတဲ့ဖိုင်တွဲတွေ
လူ့အလိုနတ်မလိုက်နိုင်ဆိုတာ တကယ်နေမယ်
ပရိုဂရမ်မအောင်မြင်တုန်းကလဲ စိတ်ညစ်ရ
ခု အောင်မြင်ပြန်တော့လဲ ပုံနေတဲ့အလုပ်တွေမလုပ်ချင်

အကြောနှစ်ချက်သုံးချက်လောက်ဆန့်ပြီး
ဖိုင်တွဲတချို့ လက်စသတ်ဖို့
လက်ပ်တော့ကိုဖွင့်လိုက်တယ်

အလုပ်ထဲ အာရုံစိုက်ပြီးလုပ်လိုက်ပြန်တော့လဲ
အချိန် နှစ်နာရီ သုံးနာရီက ဘယ်လိုကုန်သွားမှန်းမသိ
ဘေးစားပွဲက ဂျူပီဒီဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်
သောက်ပြီးတော့ လက်ကျန်အလုပ်တွေပါ
တစ်ခါတည်း ဖြတ်လိုက်တယ်

အလုပ်အကုန်လက်စသတ်ပြီးလို့ နာရီကြည့်လိုက်တော့
ရုံးဆင်းချိန်တောင်နီးနေပြီ
ဖုန်းကိုလဲ ဖွင့်ကြည့်လိုက်တော့
ဂယူဘင်းဆီက စာတစ်စောင်ရောက်နေတာ

💬 : " ပီဒီကြီး ... အလုပ်ချိန်နှောင့်ယှက်သလိုများ
ဖြစ်သွားလား ဂွန်းဝုဆီအဆက်အသွယ်မရလို့
ပီဒီကြီးကိုများ ဆက်သွယ်သေးလားလို့ပါ "

စာဖတ်ပြီး မက်သျူးခေါင်းတွေကျိန်းသွားတယ်
ဂယူဘင်းကတောင် ဒီလိုမေးတယ်ဆိုတော့
ဂွန်းဝုက တစ်နေရာရာကို ထွက်သွားတာပဲဖြစ်ရမယ်
ဂွန်းဝုအကြောင်းတွေ အခုထိတော့
ဂဃနဏမသိသေးပေမဲ့ မတော်တဆတစ်ခုခုများ
ဆိုတာလုပ်နေရင် စိတ်ပူစရာတွေဖြစ်ကုန်တော့မှာ

မက်သျူးက စာပို့မနေတော့ဘဲ ဂယူဘင်းကို
ဖုန်းတစ်ခါတည်းဆက်ပြီး မေးလိုက်တယ်

" ငါလဲသူ့ကို ဒီနေ့ စာပို့ထားတာကို မပြန်လို့
တစ်ခုခုလားပေါ့တွေးနေတာ ဂူဘင်းရေ "

" ကျွန်တော်လဲ သူသွားတတ်တဲ့နေရာတွေ
လိုက်ရှာကြည့်သေးတာ မတွေ့ဘူး ပီဒီကြီး
သူတစ်ခုခုဖြစ်နေတာတော့မဟုတ်ပါဘူးနော် "

" ငါဖုန်းဆက်ကြည့်လိုက်ပါအုံးမယ်
ဂူဘင်းလဲ အဆက်အသွယ်ရတာနဲ့ ငါ့ဆီပြောနော် "

Heaven of SinWhere stories live. Discover now