Ep - 8

269 34 3
                                    

" ဒဏ်ရာတွေကို ဆေးနေ့တိုင်းထည့်ပေးရမယ်
ဘယ်အချိန် ဘယ်အချိန်တွေဆိုတာကိုတော့
သူနာပြုဆရာမလေး ပြောပြလိမ့်မယ်နော် "

ဆရာဝန့်စကားကိုခေါင်းငြိမ့်ဖြေရင်း
သူနာပြုဆရာမလေးနောက်ကို
ဂယူဘင်းလိုက်သွားလိုက်တယ်

ဆေးရုံခန်းထဲ ဂယူဘင်းပြန်ရောက်တော့
ခုတင်ပေါ်က ဂွန်းဝုကို ကဲကြည့်ရသေး
ခုထိတော့ မနိုးသေးဘူး
ဆေးသွင်းထားတဲ့အရှိန်တွေနဲ့ အိပ်နေတာဖြစ်မယ်

ပြိုင်ပွဲပြီးတဲ့ မနေ့ညနေတည်းကနေ
ခု နောက်တစ်နေ့ မနက်၉နာရီလောက်ထိကို
ဂွန်းဝုနိုးမလာသေး
နိုးလာကာမှ အဲ့ကောင်ကို ပြောချင်တာတွေပြောပစ်မယ်
တွေးထားရင်း ဆိုဖာပေါ်မှာ ဂယူဘင်းမှေးပြီး
သိပ်မကြာခင် အိပ်ပျော်သွားခဲ့တယ်

ကျွတ်ကျွတ် ကျွတ်ကျွတ် အသံကြားတာနဲ့
ဂယူဘင်းနိုးလာပြီး နာရီကြည့်တော့ နေ့ခင်း ၃နာရီ

သူတော်တော် အိပ်ပျော်သွားတာပဲ
နေ့လည်စာတောင် လွတ်သွားပြီ
မသိစိတ်က အလန့်တကြားနဲ့
ကုတင်ဖက်ကို လှမ်းကြည့်ရသေးတယ်

တစ်ဖက်ပဲပွင့်နေတဲ့မျက်လုံးနဲ့
ဂယူဘင်းကိုစိုက်ကြည့်နေတဲ့ ဂွန်းဝု
ခုတင်ပေါ်မှာ မှီထိုင်နေတာကိုတွေ့တော့မှ
ဂယူဘင်းရဲ့ 24နာရီစာသက်ပြင်းရှည်ကြီးချနိုင်တယ်

" ခွေးကောင် !!! "

ဒေါသတကြီး လှမ်းခေါ်လိုက်တာပေမဲ့
ဂယူဘင်းမျက်ဝန်းတွေကတော့ စိုစိုစွတ်စွတ်

" ငါပြောပါတယ် မသေပါဘူးလို့ "

ဂယူဘင်း ဘာမှပြန်မဖြေ
သူပြန်ဖြေရင် ငိုချင်နေတဲ့အသံအက်အက်ကြီးက
အရမ်းကိုသိသာနေလိမ့်မယ်

" ခါတိုင်းလဲ ဒီလိုပါပဲကွ မင်းမသိတာပဲရှိတာပါ "

" မင်းစောက်ပိုတွေပြောမနေနဲ့ ပတ်ဂွန်းဝု
ငါမင်းနဲ့ တစ်ပတ်မှာ ဆယ်ရက်လောက်
မိုးလင်းကနေမိုးချုပ် အတူတူရှိပြီးအလုပ်သွားနေတာ "

" ဒီလောက်မပြင်းဘူး ပြောချင်တာပါကွာ "

ဂယူဘင်း ဂွန်းဝုလက်ထဲက ဘီစကွတ်ထုတ်ကိုလုယူပြီး
တစ်ဖက်လှည့်ထိုင်ပစ်လိုက်တယ်

Heaven of SinWhere stories live. Discover now