" အမယ် ပတ်ဂွန်းဝုတို့ ဖုန်းနဲ့မျက်နှာ မခွာပါလားဟေ့ "
ဂွန်းဝု ဂယူဘင်းရဲ့အပြောကို ပြန်တောင်မဖြေနိုင်
ကြည့်လက်စ videoကိုပဲ ဆက်ကြည့်ရင်း
ရယ်နေတော့တယ် ဂယူဘင်းက ကဲကြည့်လိုက်တော့မှ" အောမော ထူးထူးဆန်းဆန်း variety showတွေ
ကြည့်လို့ပါလား "" မနေ့က အပိုင်းသစ်လာထားတာလေ
ငါမကြည့်ရသေးတာနဲ့ ခုမှကြည့်ရတာ "ဂယူဘင်းဖန်ပေးလိုက်တဲ့ ပိုးက ခုတော့ သတ်မရတော့
ပီဒီကြီးနဲ့လဲ ရင်းနှီးသွားရော
ပီဒီကြီးရဲ့ showတွေ တစ်ခုမကျန်ရှာကြည့်တော့တာပဲ
အမြဲတမ်း စကားကို လေးလုံးကွဲအောင်မပြောတဲ့
ဂွန်းဝုက အခုတော့ ရှိုးတွေကြည့်ပြီးရင်
ဂယူဘင်းဆီရောက်လာပြီး ရယ်ရတဲ့အကြောင်းတွေ
လာလာပြောတတ်နေပြီ အလုပ်လုပ်တဲ့အချိန်ကလွဲလို့
ကျန်တဲ့အချိန်ဆို ရယ်ရယ်မောမောနဲ့ဖြစ်လာပြီအလယ်တန်းကျောင်းတုန်းက ပတ်ဂွန်းဝုကို
တဖြည်းဖြည်းနဲ့ ပြန်မြင်လာရပြီမလို့
ဂယူဘင်းလဲ အခုမှ စိတ်အေးရတော့တယ်
မဟုတ်ရင် မြေအောက်ဂိုဒေါင်ကြိုးဝိုင်းတွေထဲ
ဒဏ်ရာဗရပွနဲ့ ပိတ်မိနေတဲ့ ဂွန်းဝုကိုသူမြင်နေရတာ
စိတ်ထဲမကောင်းဘူးလေ~
" ၃လစာ ထည့်မှာပါ အမ "
" ဘဏ်တိုးက ခုလ တက်တယ်နော်မောင်လေး
ခါတိုင်း amountပဲထည့်မှာလား "" ဒါဆိုရင်တော့ ၃သိန်းပိုထည့်ပေးပါ "
" ဟုတ်ပြီ မောင်လေး ခဏလေးနော် "
အလုပ်တစ်ဖက် ပိုက်ဆံသိမ်းရတာတစ်ဖက်နဲ့
ဂွန်းဝု စိတ်မရှုပ်ချင်လို့ သူ့ရသမျှပိုက်ဆံတွေကို
ဘဏ်မှာပဲ စုနေခဲ့တာ ခုဆို ၂နှစ်ကျော်လောက်
ရှိနေပြီ ဘယ်လောက်ထိစုမိနေလဲဆိုတာတော့
သေချာမစစ်ကြည့်မိပေမဲ့
ဒီနေ့မှ စာအုပ်ထဲကြည့်လိုက်တာ
ရာဂဏန်းမှီဖို့ ဘယ်လောက်မှတောင် မလိုတော့ဘူးပဲ
သူ ထိုးပွဲတွေကနေရတဲ့ ဆုကြေးတွေရော
ဟိုတစ်ခါ သူဌေးယူဆီက ရ,ထားဖူးတာတွေရောနဲ့
ရသမျှထဲက အကုန်နီးပါးစုပြီး
ကိုယ့်အတွက်ကိုယ်တောင် မသုံးဖြစ်တဲ့နှစ်တွေပေါ့
YOU ARE READING
Heaven of Sin
Fanfiction" ဒီဘဝမှာ မင်းနဲ့ တွေ့ခဲ့ရတာက အပြစ်ဆိုရင် ငါအဲ့အပြစ်အတွက် ငရဲပဲဆင်းရဆင်းရ ပြန်ပေးဆပ်နိုင်တယ် မင်းသာပဲ ငါ့အနားက ထွက်မသွားနဲ့ တောင်းဆိုတာတော့မဟုတ်ဘူး အမိန့်ပေးတာ " " မင်းက ငါ့ကိုချစ်ရတာ အပြစ်လို့တွေးရင် ငါနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ ငါက မင်းနဲ့တွေ့ခဲ...