Unicode
"တောက်~ဝုန်း ခွမ်း"
"အကိုလေး စိတ်အေးအေးထားပါ
အကိုလေးကိုထိခိုက်ကုန်ပါဦးမယ်"စိတ်ရှိလက်ရှိပစ္စည်းတွေကိုထုခွဲဖျက်ဆီးနေသည်မှာအခြားမဟုတ် Sheinမိသားစုရဲ့တစ်ဦးတည်းသောဆက်ခံသူ
"စက်ရှိန်ထွဋ်"ပင်။အရပ်6ပေရှိပြီးထူထဲသောမျက်ခုံး
တိရိသေသပ်သောနှုတ်ခမ်း မျက်ဝန်းအိမ်နက်နက်နဲ့Gymဆော့သောကြောင့်အချိုးအစားပြေပြစ်သောခန္ဓာကိုယ်နဲ့ပျိုမဒီတွေအသည်းစွဲပင်။မိန်းမတွေကိုအထဲလည်တွဲတတ်ပြီးပိုက်ဆံကိုရှာသလောက်အသေဖြုန်းသည်။ခန္ဓာကိုယ်ကြီးကအားနဲ့ပစ္စည်များကိုသိမ်းကျုံးကာပစ်ခွဲနေသည်မို့ပစ္စည်းအများပြားကတစစီ။
"အကိုလေး ထိခိုက်နေပါမယ်ဗျ"
"တောက်~အဲ့ပစ္စည်းတွေရှင်းလိုက်တော့
ငါအပြင်သွားပြီ"ရဲဇော်လည်းအကိုလေးအပြင်ထွက်သွားမှသက်ပြင်းချကာ အကူတွေကိုခေါ်ကာရှင်းလင်းရတော့သည်။
......................
"Hello သားပြော"
"ဒယ်ဒီ ကျွန်တော်မခေါ်တင်ထားနိုင်ဘူးလို့ပြောပြီးပြီနော်"
"ဒါဆိုရင်တော့ ငါအဲ့ကိုပြန်လာပြီး
မင်းမေမေလေးအသစ်ကိုရောအဲ့တစ်ယောက်ကိုရောခေါ်တင်ထားပြီးအတူတူနေကြမယ်လေ ""ဒယ်ဒီ ဗျာ ဟုတ်ပြီကျွန်တော်လက်ခံတယ်ခေါ်တင်ထားရုံဘဲဟုတ် ဒီအိမ်မှာတော့လာမနေနဲ့ နောက်ပြီးဘာကိုမေမေလေးလည်း?"
"မင်းလက်ခံတယ်ဆိုပြောတော့"
"လက်ခံတယ်ဆိုတာဒယ်ဒီနောက်
အိမ်ထောင်ပြုတာကိုဘဲအဲ့နောက်မိန်းမကိုတော့မပါဘူး""အေး မင်းသေချာခေါ်ထားပေး "
"အင်း ဒါဘဲ ဒယ်ဒီ"
"ဟာကွာ မိထွေးဘက်ကသမီးတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ထားရမယ်တဲ့
ဘာတဲ့တက္ကသိုလ်တက်ဖို့ပါ စီစဥ်ပေးတဲ့
အဟက်~ဒယ်ဒီကအဝေးမှာဘဲဟာ ကောင်မလေးရေ မင်းအတွက်တော့စိတ်မကောင်းဘူး ဒါပေမဲ့လည်းပေါ့"
YOU ARE READING
A Soft Ending Love(နူးညံ့တဲ့အဆုံးသတ်အချစ်)
Romanceနှစ်ဖက်မိဘတွေကြောင့်ဆုံစည်းခဲ့ရတဲ့ 8နှစ်ကွာတဲ့ အကိုလေးနဲ့ဘေဘီညှပ်စိမလေး🤍