Unicode
"ငါနဲ့လက်ထပ်မလား"
"ဟို သုန်ကိုဒီလိုကြီးတွေမနောက်ပါနဲ့နော် တောင်းပန်ပါတယ်"
"မင်းအသက်ကဘယ်လောက်ရှိပြီလဲ"
"17ပြည့်တော့မှာပါ"
"ငါ့ထက်၆နှစ်တောင်ငယ်တာဘဲ"
"ဟုတ်"
"တက်ချင်တဲ့တက္ကသိုလ်ကိုလျှောက်ဖို့ဖောင်သွားထုတ်ရှုပ်ရှူပ်ရှက်ရှက်ဘာတစ်ခုမှမလုပ်လာနဲ့ ယောကျ်ားလေးသူငယ်ချင်းလုံးဝမထားရဘူးအသုံးစရိတ်အတွက်နဲ့အဲ့ကိုလိုက်ပို့ဖို့အတွက်ကိုရဲဇော်ကိုငါပြောလိုက်မယ်"
"ဟုတ် ကျေးဇူးပါသုန်တက်ချင်တဲ့ဆေးကျောင်းကိုထားပေးတဲ့အတွက်"
"ကျေးဇူးတင်မစောနဲ့ ရပြီ သွားတော့"
"ဟုတ်"
..................."ဘုတ် ~ "
"အာ Sorry ဗျ ကျွန်တော်မမြင်လိုက်လို့"
"ရပါတယ် ခွင့်ပြုပါဦး"
"ဟေ့နာမည်ဘယ်လိုခေါ်လည်းပြောခဲ့ဦး
ဘယ်လိုလေးလည်းမေးနေတာမဖြေဘဲလစ်ပြေးသွားတာစိတ်ဝင်စားသွားပြီကောင်မလေးရေ"သုန်လည်းဖောင်တင်ပြီးပြန်အထွက်မှာလူတစ်ယောက်ကလာတိုက်မိပေမဲ့ဘာမှတောင်ပြောမနေဘဲပြေးထွက်လာလိုက်သည်။
အကိုလေးကမှာထားတယ်'ရှုပ်ရှုပ်ရှက်ရှက်တွေ လုံးဝမလုပ်လာနဲ့တဲ့' အကိုလေးသိပီးတက္ကသိုလ်မထားပေးတော့မှာကြောက်သလိုသုန်ကိုယ်တိုင်လည်းရှုပ်ရှုပ်ရှက်ရှက်တွေလုပ်ရမှာမကြိုက်။
"ဟေ့ကောင် ခေတ်တရာ ဘာရပ်လုပ်နေတာလည်းငါတို့မင်းကိုစောင့်နေတာ"
"ငါမိန်းခလေးတစ်ယောက်ကိုမြင်မြင်ချင်းစိတ်ဝင်စားမိသွားလို့"
"ဝိုး~မင်းကိုသဘောကျနေတဲ့သူတွေအသည်းကွဲပြီ"
"တကယ်အတည်ပြောနေတာကွ"
"ဒါဆိုလည်းပြောပြကွာဖြစ်ကြောင်း
ကုန်စဥ်"ခေတ်တရာလည်းကောင်မလေးနဲ့ဆုံမိခဲ့တဲ့အကြောင်းကိုပြောပြလိုက်သည်။
YOU ARE READING
A Soft Ending Love(နူးညံ့တဲ့အဆုံးသတ်အချစ်)
Romanceနှစ်ဖက်မိဘတွေကြောင့်ဆုံစည်းခဲ့ရတဲ့ 8နှစ်ကွာတဲ့ အကိုလေးနဲ့ဘေဘီညှပ်စိမလေး🤍