Unicode
"သုန် နင် ကိုခေတ်တရာ ကိုသဘောမကျဘူးလားဒီလောက်ဟိုကအသည်းသန်ဖြစ်ပြီးဒီလောက်ချစ်နေတာ"
"သဒ္ဒါ လူတစ်ယောက်ကလူတစ်ယောက်ကိုတကယ်ချစ်တယ်ဆိုတာဘယ်လိုမျိုးလည်း ဘယ်လိုသတ်မှတ်လည်း"
"ကိုခေတ်တရာနင့်ကိုချစ်တာဘဲကြည့်လေ သူကနင့်ကိုတန်ဖိုးထားတယ် တချို့ကောင်လေးတွေဆိုလက်ရဲဇက်ရဲနဲ့ဆွဲရမ်းပြီးရည်းစားစကားဇွတ်ပြောလူကြားထဲလည်း
မရှောင်ဝင်ရောမှာပေါ့ သူကနင့်ကိုအဲ့လိုမလုပ်ဘဲအမြဲအရိပ်တကြည့်ကြည့်ချစ်တာလေ""လူတွေကတကယ်ချစ်သွားရင် အဲ့လိုမျိုးဘဲလား"
"အင်းပေါ့ တကယ်မချစ်ရင်တန်ဖိုးမထားဘူးတစ်ဖက်ခံစားချက်ကိုလည်းဂရုစိုက်မနေဘူးတကယ်ချစ်သွားတဲ့အခါကျမထိရက်မကိုင်ရက်အရိပ်တကြည့်ကြည့်ချစ်တာပေါ့ "
"ဒါဆိုဇွတ်တရွတ်တွေလုပ်အမိန့်တွေပေးနေတာမျိုးကရော"
"ဒါတွေကမချစ်လို့တန်ဖိုးမထားလို့ပေါ့ဒါနဲ့ဟိုအရှေ့မှာကောင်လေးကိုလိုက်တောင်းပန်နေတဲ့ကောင်မလေးကိုတွေ့လား"
"အင်း"
"အဲ့ကောင်လေးကအရင်ကသူနားအမြဲရှိနေတဲ့အဲ့ကောင်မလေးကိုတအားဂရုစိုက်ပေးတာ ဒါမဲ့အဲ့ကောင်လေးကသူ့ညီမလို့သဘောထားပြီးဂရုစိုက်ပေးတာ
အခုကျအဲ့ကောင်လေးကချစ်သူရသွားတော့ ကောင်မလေးဘက်ကကောင်လေးအပေါ်ခံစားချက်တွေပိုနေတာမို့အခုပြန်လိုက်ကပ်တာပေါ့
ကောင်လေးအမြင်မှာအရှုပ်ထုတ်လိုဘဲလေ အမှန်တကယ်ဆိုအရင်ထဲကကင်းကင်းရှင်းရှင်းနေသင့်တာ ဟိုကချစ်သူရသွားတော့ ကျန်ခဲ့ရုံပေါ့"သဒ္ဒါကတော့စက်ရှိန်ထွဋ်ကိုသဘောကျနေသူမို့သုန်နဲ့မနီးစပ်အောင်အရှေ့ကအတွဲကိုသဒ္ဒါသိတောင်မသိဘဲသုန်နဲ့စက်ရှိန်ထွဋ်နဲ့အနေဝေးအောင်သုန်စိတ်ထဲရိုက်ထည့်ပေးလိုက်ခြင်းပင်။
သုန်ကအဖြူထည်လေးမို့အရောင်ဆိုးလွယ်နားဝင်လွယ်သည်လေ။
"သနားပါတယ်"
"အင်းပေါ့ တကယ်ချစ်တဲ့လူတွေ့သွားတော့ကောင်မလေးကကျန်ခဲ့တာပေါ့နောက်ပြီးကောင်လေးအတွက်အရှုပ်လိုဖြစ်နေမှာပေါ့"
YOU ARE READING
A Soft Ending Love(နူးညံ့တဲ့အဆုံးသတ်အချစ်)
Romanceနှစ်ဖက်မိဘတွေကြောင့်ဆုံစည်းခဲ့ရတဲ့ 8နှစ်ကွာတဲ့ အကိုလေးနဲ့ဘေဘီညှပ်စိမလေး🤍