Part-5

1.4K 27 1
                                    

Unicode

"သုန်  ညနေအိမ်ရောက်ရင်အမြန်ငါ့ကိုစာအုပ်ကိုဓာတ်ပုံရိုက်ပြီးပို့ပေးနော်"

"ညနေ ငါအိမ်အမြန်ပြန်ရောက်ဖို့မသေချာဘူး သဒ္ဒါ အကိုလေးလာကြိုမှာ"

"အော်  အင်းရပါတယ်"

           ...................

သုန့်ကိုလာကြိုမယ့်အကိုလေးရောက်မလာသေးတာမို့ သဒ္ဒါကမပြန်သေးဘဲကူစောင့်ပေးနေသည်။

"အ့ ဗိုက်ကထိုးအောင့်လာတယ်"

"သဒ္ဒါ အဆင်ပြေရဲ့လား"

"ငါကားမောင်းလို့အဆင်မပြေတော့ဘူးနဲ့တူတယ်နောက်မှကားကိုအိမ်ကိုလာယူခိုင်းပြီး
အခုနင်နဲ့အတူလိုက်လို့ရလားဟင်"

"ဟို  ငါ အကိုလေးကိုပြောကြည့်ပေးမယ်လေနော်"

"အ့  တော်တော်နာနေပြီ"

"ခဏထိုင်နေနော် အကိုလေးကားလာနေပြီ ငါသွားပြောကြည့်ပေးမယ်"

"အကိုလေး"

"တက်လေ "

"ဟို သုန်သူငယ်ချင်းဗိုက်တအားအောင့်နေတော့ပြန်လိုက်ပို့ပေးလို့ရမလားဟင်"

ထွဋ်လည်းတစ်ချက်ဝေ့ကြည့်လိုက်တော့ ဗိုက်ကိုင်ကာခွေခေါက်နေတဲ့တစ်ယောက်ကိုတွေ့လိုက်ရသည်။

"အင်း မင်းသူငယ်ချင်းဆိုတော့ကူညီရတာပေါ့"

"ဟီး ကျေးဇူး သုန်သွားခေါ်လိုက်ဦးမယ်"

"သဒ္ဒါ လာ သွားရအောင်"

"သဒ္ဒါကမူးတတ်လို့အရှေ့မှာထိုင်လို့ရလားဟင်"

"မင်းသူငယ်ချင်းကိုတွဲပြီးအနောက်ခန်းမှာတူတူထိုင်ပေးလိုက်ပြီးမှမင်းအရှေ့မှာလာပြန်ထိုင်"

"ဟုတ်"
သဒ္ဒါတစ်ယောက်စိတ်ထဲတွင်တော့မကျေမနပ်ဖြစ်နေတော့သည်။

သုန်ကလည်းအကိုလေးစကားမို့အထွဋ်မတက်ရဲဘဲပြောသည့်အတိုင်းသဒ္ဒါကိုတွဲပြီးအနောက်ခန်းမှာဝင်ထိုင်လိုက်သည်။

ထွဋ်တစ်ချက်ကြည့်လိုက်တာနဲ့မူယာမာယာများနေမှန်းသိသာသည့်မိန်းမမို့အမြန်ပထုတ်လိုက်ချင်ပေမယ့် ညှပ်စိမလေးကြောင့်သာ။

A Soft Ending Love(နူးညံ့တဲ့အဆုံးသတ်အချစ်)Where stories live. Discover now