Unicode
"ဟင် အ အကိုလေး"
"ဘာလည်း အိပ်နေတာကို"
"ဟိုညကသုန်ကြောင့်အနှောင့်ယှက်ဖြစ်သွားလို့Sorryပါနော်"
"ဟမ် ဘာမှမဖြစ်ဘူးငါကခေါ်လာတာဘဲ"
"ဒါဆိုသုန်သွားတော့မယ်နော် "
"နေဦး မင်းကဘာလို့မိုးရွာတာကိုကြောက်တာလည်း "
''ဟို ငယ်ငယ်တုန်းကတစ်ယောက်တည်းဖြစ်နေတဲ့အချိန်မိုးရွာမိုးချုန်းတာကိုလန့်ပြီးထဲက"
"ဘာလို့တစ်ယောက်ထဲလည်း မင်းရဲ့အဖေနဲ့အမေနဲ့မနေခဲ့ရဘူးလား"
"အဖေကိုမွေးထဲကမြင်တောင်မမြင်ဖူးပါဘူး
မေမေကလည်းသူ့အလုပ်နဲ့သူမို့လေ""နောက်ခါကြောက်ရင် ငါနဲ့လာအိပ်"
"ဟင်"
"မိုးရွာတာကြောက်တယ်မဟုတ်လားငါနဲ့လာအိပ်လေ"
"ဟုတ် ကျေးဇူးပါအကိုလေးဒါဆိုသုန်သွားတော့မယ်နော်"
"အင်း "
မင်းကဘာဓာတ်များရှိနေလို့လည်းငါညကနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားတာဘဲ။
...............
"သားထွဋ်ကိုအခုတလောကြည့်ရတာစိတ်ချမ်းသာလိုက်တာကွယ်"
"ဘာလို့လဲဟင်"
"အရင်ကဆိုအမြဲမူးလာတယ်မနက်ဆိုလည်းမျက်တွင်းတွေကျတဲ့အထိအိပ်ရေးပျက်ထမင်းလည်းအချိန်မှန်မစားဘဲအလုပ်ဘဲဖိလုပ်တာလေအခုကျတော့ထမင်းလည်းသေချာစားတယ် အမြဲဒီလိုလေးဖြစ်နေရင်ကောင်းမှာဘဲကွယ်"
"ဘာလို့အဲ့လိုဖြစ်တာလဲဟင်"
"သူ့ဒယ်ဒီကြောင့်ပေါ့သားထွဋ်အမေဆုံးတော့သားထွဋ်အသက်က၁၆နှစ်ရှိနေပီ၊သားထွဋ်ဒယ်ဒိီကငွေဘဲရှာပေးနေရင်ကိုတာဝန်ကျေပြီထင်နေပြီးသားကိုဂရုမစိုက်မိဘူးကွယ်အဲ့မှာစိတ်ဒဏ်ရာတွေရပြီးဒီလိုဖြစ်သွားတာပေါ့ တကယ်ကမေတ္တာငတ်မွတ်နေတာပါကွယ် အခုလည်းနောက်အိမ်ထောင်ပြုဖို့လုပ်တော့ အို~သမီး ကြီးဖြူကသမီးကိုရည်ရွယ်ပြီးပြောတာမဟုတ်ဘူးနော်"
YOU ARE READING
A Soft Ending Love(နူးညံ့တဲ့အဆုံးသတ်အချစ်)
Romanceနှစ်ဖက်မိဘတွေကြောင့်ဆုံစည်းခဲ့ရတဲ့ 8နှစ်ကွာတဲ့ အကိုလေးနဲ့ဘေဘီညှပ်စိမလေး🤍