Unicode
အိမ်ပြန်ရောက်တာနဲ့အကိုလေးကအိမ်ပေါ်သို့တက်သွားပြီ။
သုန်လည်းမီးဖိုချောင်ထဲဝင်တော့အလုပ်တွေရှုပ်နေတဲ့ကြီးဖြူ၊လာနေတာတစ်လလောက်ဘဲရှိသေးပေမယ့်ကြီးဖြူနဲ့ဦးရဲဇော်တို့ကသုန့်ကိုတအားချစ်ပြီးတအားဂရုစိုက်ကြသည်။
"ကြီးဖြူ"
"သုန်သုန်လေး ပြန်ရောက်ပြီလား "
"ဟီး ဟုတ် သမီးဘာဝိုင်းကူပေးရမလည်း"
"ခဏနားပါဦး သမီးကတစ်နေကုန်စာသင်ထားရတော့ ပင်ပန်းနေမှာ"
"ရပါတယ် မပင်ပန်းဘူး ဟီး"
"ဒါဆို ဒီမှာကင်မွန်းရွက်ခြွေထားပေး"
"ဟုတ်"
"ဟေ့ သုန်သုန် တက္ကသိုလ်ကျောင်းသူကြီးပင်ပန်းနေပြီလား"
''မပင်ပန်းပါဘူး ဦးရဲဇော်ရဲ့ "
"မဖြူ အကိုလေးကမှာလိုက်တယ် ဒီနေ့လည်း မဖြူယောက်ျားကိုနားလိုက်ဦးတဲ့ နေမကောင်းသေးရင် သဘက်ခါမှဘဲအလုပ်ပြန်လုပ်တော့တဲ့"
"အေးအေး "
"ခြွေပြီးပြီ ကြီးဖြူ"
"ဒါဆို သုန်သုန် ရေသွားချိုးပြီးနားတော့ဟုတ်ပြီလား"
"ဟုတ်"
..............
"ဒီကောင်မလေးရောက်ပြီးမှအကိုလေးကငြိမ်သွားတယ်နော် "
"အင်း သားထွဋ်ဒီလိုလေးအဆင်ပြေနေတော့စိတ်ချမ်းသာတယ်ကွယ်"
..................
"ကြီးဖြူ အကိုလေးအိပ်ရာထသွားပြီလားဟင် သုန်အကိုလေးပုံကိုသိပ်မတူပေမဲ့ဆွဲထားတာလေးပြချင်လို့လေ တံခါးသွားခေါက်တာဘာမှပြန်မထူးလို့"
"သားထွဋ် ကလောဘက်ကိုအလုပ်ကိစ္စနဲ့မနက်အစောကြီးထွက်သွားတယ် ဒီတစ်ခေါက်ကအလုပ်များရင်တစ်လလောက်ကြာမယ်တဲ့ ကြီးဖြူယောက်ျားလည်းပါသွားတယ် ''
"အော် ဒါဆို သုန်သွားပြီနော် "
"အေး သမီး "
................
"သုန် မနေ့ကဘယ်သူကြီးလဲဟင် နင့်ရဲ့ချစ်သူလား"
YOU ARE READING
A Soft Ending Love(နူးညံ့တဲ့အဆုံးသတ်အချစ်)
Romanceနှစ်ဖက်မိဘတွေကြောင့်ဆုံစည်းခဲ့ရတဲ့ 8နှစ်ကွာတဲ့ အကိုလေးနဲ့ဘေဘီညှပ်စိမလေး🤍