Part-7

2.9K 54 7
                                    

Unicode

"ငါမပေးသွားနိုင်ဘူး"

"အကိုလေး"

"ငါ့~ငါ့ဘက်ကမရိုးသားတော့ဘူး
ငါမင်းကိုချစ်မိနေပြီ"

"ဟို~သုန်"

"ရတယ် အဖြေကိုဇွတ်မတောင်းတာမို့ အခုအခန်းထဲသွားလို့ရပြီဒါပေမဲ့အဆောင်မှာသွားနေမယ့်ကိစ္စကိုမေ့လိုက်"

သုန်လည်းဆက်ပြောမနေတော့ဘဲတုန်ခါနေတဲ့ရင်ဘတ်ကိုလက်နဲ့အသာဖိကာအခန်းထဲသို့ပြေးဝင်ခဲ့တော့သည်။

" အ အကိုလေးက ငါ့ကိုချစ်တယ်တဲ့~"

ခေါင်းအုံးနဲ့မျက်နှာအပ်ကာအပြုံးတွေကတားမရဆီးမရ။ ဆယ်ကျော်သက်အရွယ်ရဲ့ရင်ခုန်သံလတ်လတ်ဆတ်ဆတ်တွေနဲ့ပေါ့။

         .....................

"စက်ရှိန်ထွဋ်  မင်းဖွင့်ပြောလိုက်နိုင်တာတော်သေးတယ်ကွာ   ဟူး~ငါ ငါဘယ်လိုမျက်နှာချင်းဆိုင်ရမလည်းကွာ"

မိန်းခလေးတွေကိုအထည်လဲတွဲခဲ့တဲ့
ကောင်ကြီးကဆယ်ကျော်သက်မနူးမနပ်အရွယ်ကောင်မလေးနဲ့ကျတကယ်ရှက်မိနေသလို၊ဖွင့်ပြောရမှာလည်းတွန့်ဆုတ်ဆုတ်ဖြစ်ခဲ့ရတယ်တဲ့'ငထွဋ်သမိုင်းကညှပ်စိမလေးနဲ့မှရိုင်းသွားပြီကွာ'။

'တီ~'

"Hello "

"Hello သားထွဋ်"

"ပြောလေ ဖွား"

"ဖွား နှစ်ပတ်လောက်နေရင်အဲ့ဒီကိုလာမယ်"

"လာခဲ့လေ ဖွားရဲ့ကျွန်တော်လည်းအဖွားကိုလွမ်းနေတာ"

"မင်းတို့သားအဖပြောလိုက်ရင်ဒီလိုဘဲ အဖွားလာခဲ့မယ်မင်းအတွက်စီစဥ်စရာလေးတွေလည်းရှိလို့"

"လာရင်ကြိုပြောလေ ဖွား သားအိမ်မှာဘဲစောင့်နေမယ် "

"အေး အေး သားထွဋ် ကျန်းမာရေးဂရုစိုက်နော်တအားတွေမဆိုးနဲ့တော့နော် သားမဟုတ်ရင်မကောင်းတဲ့သူတွေနဲ့မင်းခြေချုပ်
မိနေမယ်"

"ဟုတ်ကဲ့ပါ  "

"ဒါဘဲ သားထွဋ်"

"ဟုတ် ဖွား"

အဖွားလာရင်ဒီကောင်မလေးနဲ့ဆုံလို့ဖြစ်ပါ့မလား။

အဖွားကအဖေနောက်အိမ်ထောင်ပြုတာကို သိပ်မကြည်ချင်တာနဲ့ 'ဟူး~ငထွဋ်ရေ မင်းလည်းအခုမှစိတ်ပူတတ်နေပါရောလား'။

You've reached the end of published parts.

⏰ Last updated: Mar 30 ⏰

Add this story to your Library to get notified about new parts!

A Soft Ending Love(နူးညံ့တဲ့အဆုံးသတ်အချစ်)Where stories live. Discover now