အပိုင်း ( 771 ) ယွီဟွာဝမ်က ရန်သူလား ဒါမှမဟုတ် မိတ်ဆွေလား၊
အားလုံး အံ့အားသင့်နေကြသည်။
ကျွင်းမိသားစု၏ ပင်မသွေးကြောမှ နတ်ဘုရားသားတော်က လျှို့ဝှက်သွေးကြော၏ ပါရမီရှင်ကို ကိုယ်တိုင်သတ်ဖြတ်မည်ဟု မထင်ထားခဲ့ပေ။
ယင်းက အတော်စိတ်ဓာတ်ပြတ်သားရန် လိုသည်။
အကြောင်းမှာ၊ ဤသတင်း ပျံ့နှံ့သွား လျှို့ဝှက်သွေးကြောက သိသွားသည်ရှိသော အခြေအနေ မကောင်းနိုင်သောကြောင့်ပင်။
ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ ပင်မသွေးကြောမှ အမြင့်မြတ်ဆုံးသော နတ်ဘုရားသားတော်ဖြစ်လျှင်ပင်၊ ဖိအားများစွာကို ခံရဦးမည်သာ ဖြစ်သည်။
ကျွင်းမိသားစုသာ ယခုထက် အဆင့်မြင့်ပြီး အဓိပဓိ အင်မော်တယ်ခုံရုံးအဆင့်ကို ရောက်ရှိလိုပါက လျှို့ဝှက်သွေးကြောကို ပြန်လာရစေမည်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က လျှို့ဝှက်သွေးကြောကို ပြန်မလာစေချင်ဘူးလား"
"နည်းလမ်းကတော့ တကယ်ကို ပြတ်ပြတ်သားသားပဲ။ ငါသာဆိုရင် ဒီလိုမလုပ်ဝံ့ဘူး"
"ဒါက မင်းနဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကြားက ကွာဟချက်ပေါ့"
အရပ်ရပ်တွင် တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။
ကျွင်းလန်ရှီနှင့် အခြားသူများလည်း တုန်လှုပ်သွား၏။
ရုတ်တရက်မို့ သူတို့လည်း ခဏချင်း မတုံ့ပြန်နိုင်ခဲ့ပေ။
ခဏအကြာမှ၊ ကျွင်းလန်ရှီက သတိပြန်ဝင်လာကာ ကျွင်းရှောင်ယောက်ကိုကြည့်ပြီး ပြောလိုက်သည်။
"အစ်ကိုရှောင်ယောက်၊ ကျွန်မ ဒီအခြေအနေတွေ လျှို့ဝှက်သွေးကြောကို ပြန်ပြီး ရှင်းပြလိုက်ပါမယ်။ ဒါက ကျွင်းရွယ်မင်ရဲ့ အပြစ်ပဲ"ကျွင်းလန်ရှီက မတုံ့ဆိုင်းဘဲ ကျွင်းရှောင်ယောက်ဘေးတွင် ရပ်လိုက်သည်။
ကျွင်းရှောင်ယောက်၏လုပ်ရပ်က အနည်းငယ် ပြင်းထန်သော်လည်း ကျိုးကြောင်းဆီလျော်မှု ရှိ၏။
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်းဝိဉာဉ်(ကျွင်းရှောင်ယောက်) Book 2
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...