826 - 830

214 10 0
                                    

အခန်း ( ၈၂၆ ) ဧကရာဇ်ခုနစ်ပါး စုံပြီ၊ ကောင်းကင်မှ အပ်နှင်းထားသော အဆုံးစွန်သတ်ဖြတ်ခြင်း အစီအစဉ်၊

"ကျိတောက်ရီ၊ မင်းဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး"
ကူတိကျစ်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားသည်။
  
ဤတစ်ခါတော့ သူ တကယ်ကို မမျှော်လင့်ခဲ့ပေ။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ထာဝရတည်ရှိနေသော ဂိုဏ်းဂဏကြီးများစွာ ရှိသည်။

နတ်ဆိုးအင်မော်တယ်ဂိုဏ်း၊ လူသားအင်မော်တယ်ဂိုဏ်း၊ အနောက်တိုင်း နိဗ္ဗာန်ဘုံ၊ ကုရ်အာန်သူတော်စင်ဂိုဏ်း စသည်ဖြင့်...

နှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိသော အင်အားစုကြီးအနေဖြင့်  လူသားအင်မော်တယ်ဂိုဏ်းမှာ အလွန်ရှေးကျသော အမွေအနှစ်တို့ ရှိသည်။ သူတို့က အင်မော်တယ်တာအိုမှ ထွက်လာသည်ဟုပင် ပြောကြ၏။
   
လူသားအင်မော်တယ်ဂိုဏ်း၏ ခေတ်ပြိုင်ဆက်ခံသူအနေဖြင့် ကျိတောက်ရီ၏ အဆင့်အတန်းနှင့် ခွန်အားနှင့် နည်းလမ်းများအကြောင်း အထူးပြောရန် မလိုပေ။

သို့သော်လည်း ယင်းက အရေးကြီးဆုံး မဟုတ်ပါ။
  
ကျိတောက်ရီတွင် အင်မော်တယ်အင်အားစုများ၏ ဆက်ခံသူများကိုပင် သတိထားစေသော လျှို့ဝှက်ဆန်းကျယ်သည့် နောက်ခံတစ်ခုလည်း ရှိသည်။
  
သူဟာ ကောင်းကင်ကိုးပါးအထက် တားမြစ်မိသားစု၏ အကြီးဆုံးသား ဖြစ်သည်။
   
ကောင်းကင်ကိုးပါးအထက် တားမြစ်မိသားစုက အဘယ်နည်း။
   
ယင်းမှာ အသက်တားမြစ်နယ်မြေနှင့် ဆက်စပ်နေသော တည်ရှိမှု ဖြစ်သည်။ ယင်းက အလွန်ကြောက်စရာကောင်းပြီး အလွယ်တကူ ထိပါးနိုင်တာ မဟုတ်ပေ။

အင်မော်တယ်အင်အားစုများပင်လျှင် သတိထားပြီး ဆက်ဆံရမည် ဖြစ်သည်။
   
ကျန်းစန်းယီ နတ်သန္ဓေကို ရရှိသောအခါ၊ ကျိချင်းရီက ကျိတောက်ရီအတွက် လွှဲပြောင်းပေးရန် ဆွဲဆောင်ခဲ့သည်။
   
ကျိတောက်ရီ၏ နောက်ခံအကြောင်းကိုလည်း ပြောပြခဲ့ပေသည်။
   
နောက်‌ပိုင်း ကျန်းစန်းယီက ငြင်းဆိုခဲ့သောအခါ၊ ကျိချင်းရီက သူမကို ကျိတောက်ရီနှင့် မိတ်ဆွေဖွဲ့နိုင်ရန် အခွင့်လမ်းကောင်းကို ဆုံးရှုံးသွားပြီဟု ပြောခဲ့သည်။
   
ဤအခွင့်အလမ်းကောင်းဆိုသည်က တားမြစ်မိသားစု၏ အကြီးဆုံးသားဟူသော ကျိတောက်ရီ၏ အထောက်အထားကို ရည်ရွယ်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်းဝိဉာဉ်(ကျွင်းရှောင်ယောက်) Book 2Where stories live. Discover now