776 - 780

292 18 0
                                    

အခန်း ( ၇၇၆ ) မြင့်မြတ်ဝိညာဉ်သန္ဓေ၊ ကျန်းစန်းယီ၏ နောက်ကွယ်မှ လူက အားလုံးကို တုန်လှုပ်စေနိုင်သည်။

ယောက်ချီမြင့်မြတ်မြေတွင် ရှေးခေတ်က ထူးဆန်းသော ကျောက်တုံးအချို့ ရှိခဲ့သည်။

အချို့ကို အနောက်တိုင်းမှ မယ်တော်ဘုရင်မက တွေ့ရှိခဲ့ခြင်း ဖြစ်၏။

ဤထူးဆန်းသော ကျောက်တုံးများအားလုံးက မိုးနှင့်မြေမှ မွေးဖွားလာပြီး စကြဝဠာ၊ နေနှင့်လတို့၏ အနှစ်သာရတို့ကို စုစည်းထားလေသည်။

ပြောရလျှင်၊ ယင်းက မြင့်မြတ်ဝိညာဉ်သန္ဓေနှင့် ညီမျှသည်။

မြင့်မြတ်ဝိညာဉ်ကား အဘယ်နည်း။

ကြီးမားသော အောင်မြင်ခြင်းရှိသည့် မြင့်မြတ်ဝိညာဉ်က ရှေးဧကရာဇ်၊ မဟာဧကရာဇ်များကိုပင် တိုက်ခိုက်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။

ယောက်ချီမြင့်မြတ်နယ်မြေက ဤထူးဆန်းသောကျောက်တုံးများကို အလွန်ဂရုစိုက်ပေသည်။ သူတို့အတွက် တာအိုတရားကို အထူးဟောပေးသော အဓိပတိဆရာကြီးများပင် ရှိသည်။

ဝိညာဉ်အရည်များ၊ အဖိုးတန်သွေး အမျိုးမျိုးတို့ကိုလည်း ယင်းအပေါ်တွင် သွန်းလောင်းပေးခဲ့သည်။

ထိုအထဲတွင် အဖိုးတန်ဆုံးနှင့် ရှားပါးဆုံးကတော့ ဝင်ပေါက်ကိုးခု ကျောက်သန္ဓေပင်။

ဝင်ပေါက်ကိုးခု ကျောက်သန္ဓေသည် အနောက်တိုင်း၏ မယ်တော်ဘုရင်မက ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို သန့်စင်နိုင်ခဲ့သည့် အကြောင်းအရင်းဖြစ်သည်ဟုပင် ကောလဟာလများရှိလေသည်။

သို့သော်လည်း နောက်ပိုင်းတွင် ဝင်ပေါက်ကိုးခု ကျောက်သန္ဓေက ပျောက်ဆုံးသွားခဲ့သည်။

ယွီချင်းနင်သည် ဝင်ပေါက်ကိုးခု ကျောက်သန္ဓေက ဤအမွေဆက်ခံသည့်နေရာတွင် အမှန်တကယ် ရှိနေမည်ဟု မမျှော်လင့်ထားပေ။

"အခွင့်အရေးကြီး၊ ဒါက တကယ့်ကို အခွင့်အရေးကြီးပဲ"
ယွီချင်းနင်လည်း သက်ပြင်းကို အကြိမ်ကြိမ်ချလိုက်မိသည်။

ဤဝင်ပေါက်ကိုးခု ကျောက်သန္ဓေက လုံးဝရှားပါးသည်။

ကျန်းစန်းယီသာ ၎င်း၏စွမ်းအင်ကို စုပ်ယူပြီး သန့်စင်လိုက်ပါက၊ အလင်းဝင်ပေါက် ကိုးခု လင်းလုံတာအိုနှလုံးသားကို သေချာပေါက် သန့်စင်နိုင်လိမ့်မည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်းဝိဉာဉ်(ကျွင်းရှောင်ယောက်) Book 2Where stories live. Discover now