အပိုင်း(၅)

575 71 1
                                    

Unicode.

['ချီကျန်း' အဖြစ်သို့]

ဧကရာဇ်အရှင်ဟာ 'ရုန်ချီကျန်း' ကို လွန်စွာမြတ်နိုးပြီး
ဒါကို မောင်းမဆောင်က လူအားလုံးသိပါသည်။

'ရုန်ချီကျန်း' က ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်ပြီး
ဘယ်အရာကိုမဆို အမှားအယွင်းမရှိလုပ်တတ်သည်။
နောက်ပြီး သူက စည်းမျဉ်းစည်းကမ်းနှင့် ရိုသေလေး
စားမှုဆိုတာကိုလည်း နားလည်သည်။ သူနောက်ကွယ်
မှာ ဘယ်လိုပုံစံပဲဖြစ်ပါစေ ရှေ့မျက်နှာပြင်တွင်တော့
'ချောင်ကွေ့ကျွင်း' ရော၊ 'တဲ့ကျွင်း' ရောက သူနှင့်
ခင်မင်ရင်းနှီးကြလေသည်။

ဖုန်းစုက 'ထျန်းဖန်းကျိုက်နန်းဆောင်' မှာ ထိုင်ဖို့ လာပြီ
ဆိုလျှင် သူက 'ရုန်ချီကျန်း' အကြောင်း တစ်ခုမဟုတ်
တစ်ခု ပြောလေသည်။

"သူကပါးနပ်တယ် ဒါပေမယ့် သူက တော်တော်လျှာရှည်
ပြီး တဲ့တိုးဆန်လွန်းတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့
သူ့ကို သဘောကိုမကျဘူး"

ဖုန်းစုကပြောသည်။

"သူဆေးသောက်နေရတယ်လို့ကြားတယ်"

ဟယ့်ယွီက ပဟေဠိဖြစ်သွားပြီး မေးလိုက်သည်။

"ဘယ်လိုဆေးမျိုးလဲ သမားတော် ညွှန်ကြားချက်နဲ့
သောက်ရတဲ့ ခန္ဓာကိုယ်ကို အားပြန်ဖြည့်ပေးပြီး မင်း
သမီးငယ်လေးတွေ ဖွားမြင်စေနိုင်တဲ့ ဆေးများလား"

ဟယ့်ယွီ ရယ်လိုက်မိသည်။

'ရုန်ချီကျန်း' ကို မင်းသမီးငယ်လေးမွေးနိုင်ဖို့ စိတ်အား
ထက်သန်နေမယ့်သူမျိုး မဟုတ်လောက်ဘူးလို့ ဟယ့်ယွီ
က တွေးထင်ခဲ့မိတာဖြစ်သည်။

သို့သော် ဖုန်းစုက မရယ်ခဲ့ပေ။ သူက ပေါ့ပေါ့ပါးပါးပဲ
ပြောလာခဲ့လေ၏။

"ဆန့်ကျင်ဘက်ဖြစ်နေမှာပဲ ကြောက်မိပါတယ်"

ဟယ့်ယွီက အံ့အားသင့်သွားခဲ့ပြီး မကြာခင်ပဲ သတိပြန်
ဝင်လာခဲ့လေသည်။

"ဘာလို့အဲ့လိုလုပ်ရတာလဲ"

ဟုတ်သည်။ အဘယ့်ကြောင့်နည်း။

ဧကရာဇ်အရှင်က သူ့ကိုမြတ်နိုးသည်။ မောင်းမဆောင်
တွင်လည်း ရက်စက်ကြမ်းတမ်းသည့် အရှင်ဟူ၍မရှိ။
ဒါကို သူသည် အဘယ့်ကြောင့် သန္ဓေတားဆေးကို သူ့
သဘောနှင့်သူ သောက်သုံးနေသည်နည်း။

မောင်းမဆောင်မှ အမေ့လျော့ခံတစ်ယောက်၏ နေ့စဉ်ဘဝ (Male Pregnant)Where stories live. Discover now