အပိုင်း(၉)

489 86 31
                                    

Unicode.

['ချောင်ကွေ့ကျွင်း']

နန်းတွင်းသည် နှစ်သစ်ကူးအပြီး ဆောင်းဦးလယ်ပွဲတော်
နှင့် သက်ရှည်ပွဲတော်များကြောင့် အလုပ်ရှုပ်နေခဲ့သည်။

'ချောင်ကွေ့ကျွင်း' ရဲ့ ကျန်းမာရေးအခြေအနေအရ ထို
အရာများကို ဦးစီးဦးဆောင်မလုပ်နိုင်သဖြင့် အများစုကို
'တဲ့ကျွင်း' ထံ လွှဲပြောင်းပေးခဲ့ရသည်။ 'တဲ့ကျွင်း' က
တဖြည်းဖြည်းနှင့် အာဏာရှိလာကာ ခြေလှမ်းတိုင်းကို
အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ဖုန်းစုက သူ့အားထိပ်
တိုက်ရင်ဆိုင်ရန် ဆန္ဒမရှိခဲ့ဘဲ သူ့သားလေးကို လက်ထဲ
မှာပွေ့ထားလို့ ငြိမ်းချမ်းစွာဖြင့် တမင်တကာ 'တဲ့ကျွင်း'
အား လုပ်ပိုင်ခွင့်ပေးထားခဲ့သည်။

နှစ်အကုန်တွင် 'ချောင်ကွေ့ကျွင်း' နှစ်စဉ်ငွေစာရင်းကို
တွက်ချက်စဉ်မှာ အဆင်မပြေမှုများစွာကို သူကသဘော
ပေါက်သွားခဲ့ပြီး ဒီလိုပဲဆက်သွားနေလို့မဖြစ်တော့ဘူးဆို
တာကို သိရှိသွားခဲ့ကာ ကျားကိုဖမ်းဖို့ တောင်ကိုဝှေ့ယမ်းခဲ့
ပြီး နန်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အရာများကိုဖြေရှင်းဖို့ရန်
ကိုယ့်ကိုကိုယ်အားတင်းကြံ့ကြံ့ခံကာ အနောက်နန်းဆောင်
ကို ပြန်လည်ဖွဲ့စည်းခဲ့လေသည်။

သို့သော်ငြား အရှုပ်အထွေးများ ကင်းစင်သွားပြီးသည့်
နောက် 'ချောင်ကွေ့ကျွင်း' ရဲ့ ကျန်းမာရေးကပျက်ယွင်း
သွားခဲ့သည်။ မင်းသားငယ်လေးသုံးပါးလုံးကို လေ့ကျင့်
ရေးနန်းဆောင်သို့ပို့ထားလိုက်ကာ 'ချောင်ဖုန်းနန်းဆောင်'
တွင်း သူက ပိတ်၍နေခဲ့လေသည်။ နန်းဆောင်တွင် ဆေး
နံ့များမွှန်ထူနေကာ အချိန်အတော်ကြာအောင် စွဲမြဲနေခဲ့ပါ
သည်။

နှစ်ကုန်ပိုင်းတွင် အစိုးရသည် အလုပ်များရပြီဖြစ်၏။ ထို့
အပြင် 'ရှန်ကျန်း' တောင်ပိုင်းရှိ 'ဝေါလန်မျိုးနွယ်စု' သည်
ကမောက်ကမဖြစ်ခဲ့လေသည်။ ဓားပြများက ရွာအတွင်း
လုယက်ခဲ့သဖြင့် ရာနှင့်ချီ၍ အ​သအပျောက်များစေခဲ့ရာ
ဧကရာဇ်အရှင်၏ မျက်နှာမည်းမှောင်သွားခဲ့ပြီး သူမက
'ချောင်ကွေ့ကျင်း' ၏ အစ်မတော်ကို တောင်ပိုင်းတပ်များ
အား ဦးဆောင်အုပ်ချုပ်စေခဲ့လေသည်။ သူမကိုယ်တိုင်
လည်း 'ချောင်ဖုန်းနန်းဆောင်' သို့ ကြွမြန်းကာ ဆေးကို
ကိုယ်တိုင်ကိုယ်ကျပင် စီမံပေးခဲ့သေးသည်။

မောင်းမဆောင်မှ အမေ့လျော့ခံတစ်ယောက်၏ နေ့စဉ်ဘဝ (Male Pregnant)Where stories live. Discover now