အပိုင်း(၃)

672 69 3
                                    

Unicode.

['ချီကျန်း' အဖြစ်သို့]

ချောင်ယွင်သည် သွယ်လျသော အသွင်အပြင်ရှိပြီး အနီ
ရောင်အဝတ်အစားများကို ဝတ်ဆင်လေ့ရှိသည်။ အချိိန်
အများစု၌ သူကခြံဝန်းထဲ ပန်းမန်ရှုစားချိန်မှာ အနီရောင်
အဝတ်အစားများကို ဝတ်ဆင်ထားလေ့ရှိသည်။

ဟယ့်ယွီက သူ့ကို အဝေးတစ်နေရာကနေ စိုက်ကြည့်ရင်း
သူ့မျက်ဝန်းများက နီရဲနေခဲ့လေ၏။

မင်းသားလေးက အနောက်မြောက်တိုင်း နယ်ခြားမြေခြား
က လာခဲ့သူဖြစ်သော်ငြား သူ၏ ဂုဏ်ပကာသနမှာတော့ဖြင့်
သေးသေးမွှားမွှားမဟုတ်ချေ။ ငယ်စဉ်တောင်ကျေးကလေး
ဘဝမှာကတည်းက စစ်သူကြီးအိမ်တော်မှာ ထောင်နဲ့ချီတဲ့
လူတွေရဲ့ အလုပ်အကျွေးပြုခြင်းကို ချောင်ယွင်က ခံခဲ့ရ
သည်။ ထိမ်းမြားပြီး တော်ဝင်မိသားစုထဲ ဝင်ရောက်လာချိန်
မှာတော့ နန်းတော်ထဲမှာ သူနည်းနည်းစိတ်ဓာတ်ကျမိသလို
လိုပင်။ သူ့ကိုယ်သူ မြို့တော်ထဲမှာ ချုပ်နှောင်ထားခံရပြီး
လွတ်လပ်စွာမနေထိုင်ရသလို ခံစားနေရခြင်းဖြစ်သည်။

လှပပြီး ဩဇာတိက္ကမရှိသည်ဟု ဆိုရမည်ဆိုလျှင်
ချောင်ယွင်က ဖုန်းစုထက် သာသည်ပင်။

လူနှစ်ယောက်ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဖုန်းစုဟာ
နှစ်ယောက်အနက် မှိန်ဖျော့သွားသူဖြစ်သည်။

'ချောင်ကျွင်း' က ကိုယ်ဝန်ဆောင်ရပြီးနောက်မှာ ပိုပို
ပြီးမောက်မာလာခဲ့လေသည်။ သူရဲ့မွေးနေ့မှာ မင်းသမီး
က သူ့အတွက် သီးခြားခြံဝန်းတစ်ခုတည်ဆောက်ပေးပြီး
ကြီးမားလွန်းတဲ့ လက်ဆောင်ကြီးကို ချီးမြှင့်ခဲ့ပါသည်။
ဆိတ်ကွယ်ငြိမ်သက်ရာအရပ်တွင် သာယာလှပသည့်
တောင်တန်းရှုခင်းများကို ရှုစားနိုင်ပြီး လှပသော ရေ
ကန်တစ်ခုပါရှိသည့် နန်းဆောင်တစ်ခုဆောက်လုပ်ပြီး
ကိုယ်တိုင်ကိုယ်ကျ ကမ္ဗည်းပင်ရေးထိုးပေးခဲ့သည်။

ယွီဖုန်းရှုက အဆုံးမှာတော့ သဝန်တိုပါတော့သည်။

သူသည် အချိန်အတော်ကြာအောင် ရုန်းရင်းဆန်ခတ်ဖြစ်
နေခဲ့ကာ သူဒေါသထွက်စိတ်ဆိုးခဲ့ပြီး မင်းသမီးကိုပင် သူ့
နန်းဆောင်မှ မောင်းထုတ်ခဲ့သည်ဟူသည့် ပြဿနာသတင်း
များက ပျံ့နှံ့နေခဲ့လေသည်။

မောင်းမဆောင်မှ အမေ့လျော့ခံတစ်ယောက်၏ နေ့စဉ်ဘဝ (Male Pregnant)Where stories live. Discover now