အပိုင်း(၁၇)

451 64 14
                                    

Unicode.

[ရွှယ်ကျီ]

"သမီးတော်ဧကရာဇ်"

'ရွှင်းကျောက်ကျွင်း' က အားလုံးရဲ့ နောက်ဆုံးမှာမှ
ရောက်လာခဲ့သည်။

ဧကရာဇ်အရှင်က ကြည်လင်ပြတ်သားမှုအချို့နှင့်
နောက်ကိုလှည့်ကာ တည်ငြိမ်နေခဲ့လေသည်။

ကျစ်ချီက ဆွဲခေါ်နေတာကို ရပ်တန့်လိုက်၏။ ရွှယ်
ကျီက သူ့လက်ကိုဆန့်တန်းလို့ 'ရွှင်းကျောက်ကျွင်း'
ကို အားပျော့စွာဖြင့် ခေါ်လိုက်သည်။

တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိသော၊ စာနာသနားသော
အမူအရာများဖြင့် ရောယှက်နေခဲ့သော 'ရွှင်းကျောက်
ကျွင်း' သည် သူ့လက်က စိပ်ပုတီးကို ဆွဲချွတ်လိုက်
ကာ ရွှယ်ကျီရှိရာဆီ လှမ်းပစ်ပေါက်ခဲ့လေသည်။

"သနားစရာကောင်းတဲ့ကလေး သူ့ရဲ့ စွဲလမ်းမှုက
အမှောင်ပယောဂ ဖြစ်လာခဲ့တာပဲ အော်မီထော်ဖော်
(ဗုဒ္ဓမြတ်စွာဘုရား ကာကွယ်စောင့်ရှောက်ပါစေ)
နောက်ဘဝမှာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေ
နဲ့ကွာ"

'ရွှင်းကျောက်ကျွင်း' ရဲ့ အနားက အစေခံက ဓားကို
ဆွဲထုတ်လာခဲ့ပြီးသည့်နောက် 'ရွှင်းကျောက်ကျွင်း'
၏ စကားသံကို ထပ်မံကြားလိုက်ရပြန်သည်။

"အနောက်နန်းဆောင်က ဒီနေရာမှာ ရှိနေတယ် မင်း
သမီး ၂ အတွက် ကောင်းချီးရဖို့ဆိုရင်တောင် သွေး
တွေကိုမြင်ကြဖို့က သိပ်မသင့်တော်ဘူး"

အစေခံသည် ဓားကို ဓားအိမ်ထဲ ပြန်လည်သိမ်းဆည်း
လိုက်ကာ အေးစက်သောမျက်နှာဖြင့် ရှေ့သို့လှမ်းလာ
ခဲ့ပြီး ရွှယ်ကျီကို လက်ဗလာဖြင့် လည်ပင်းညှစ်ခဲ့၏။

အရိုးကျိုးသွားသည့်အသံက နန်းဆောင်တွင်းရှိ လူ
များနှင့် အရှင်များကို ထိတ်လန့်သွားစေခဲ့လေသည်။
'ရွှင်းကျောက်ကျွင်း' က သူတို့ကို အေးစက်သော
မျက်ဝန်းများဖြင့်ကြည့်ရင်း တည်ကြည်လေးနက်
စွာဖြင့် သူက ပြောလာခဲ့သည်။

"ဘယ်တစ်ဦးတစ်ယောက်ကမှ ဘာမှမဟုတ်ကြဘူး
ဧကရာဇ်အရှင်ကို ခစားခွင့်ရပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ်
ဟုတ်လှပြီ ထင်မနေကြနဲ့ အဲ့ဒါက မင်းတို့တွေ အခုလို
ပြစ်မှုကျူးလွန်ဖို့ လုံလောက်ပြီလို့ မဆိုလိုဘူးကွ"

မောင်းမဆောင်မှ အမေ့လျော့ခံတစ်ယောက်၏ နေ့စဉ်ဘဝ (Male Pregnant)Where stories live. Discover now