အပိုင်း(၁၉)

404 49 5
                                    

Unicode.

['ချွင်ကျွင်း']

ဧကရာဇ်အရှင် ညီလာခံမှ ပြန်လာသည်နှင့်တစ်ပြိုင်နက်
မင်ရှီတုက သူမဆီ အပြေးသွားခဲ့သည်။ ကျစ်ချီက သူ့ကို
တားဖို့ကြိုးစားခဲ့သော်ငြား သူဟာ ကျစ်ချီကို   လှည့်ပတ်
လိုက်ရင်း ဧကရာဇ်အရှင်၏ လက်မောင်းကို ဖက်တွယ်
လိုက်လေသည်။

"ရိကျဲ(အစ်မတော်ရိ) ကျွန်တော် မမကိုလွမ်းတယ် ကျွန်
တော့်ရဲ့ နန်းဆောင်ကို ကြွခဲ့အုန်းလို့"

သူကချိုမြိန်ပြီး ညုတုတု ကလူ၏သို့မြှူ၏သို့ လုပ်တတ်
ပါသော်ငြား ဧကရာဇ်အရှင်က အပူဒဏ်ကို ကြောက်နေခဲ့
သည်။ ဒီအချိန်မှာ နေက အရမ်းပူနေသည်။ လူငယ်ဆန်ပြီး
သွက်လက်လွန်းလှသည့် ဤ 'ရွေ့ကျွင်း' ၏ ဆွဲငင်ခြင်းကို
ခံနေရသည့်အတွက် ဧကရာဇ်အရှင်က မျက်လုံးများကို
မှေးကျဉ်းလိုက်၏။

"မင်ရှီတု မင်းက အရမ်းရဲတင်းလွန်းနေတာပဲ အရင်
သွားပြီးဆော့နေလိုက်၊ မင်းက မြင်းစီးရတာကို ကြိုက်
တာမလား ကိုယ့်မှာ မင်းနဲ့ အတူ ပြဿနာရှာဖို့ အချိန်
မရှိဘူး"

ဧကရာဇ်အရှင်က ကူကယ်ရာမဲ့နေခဲ့သည်။

သူ့အရပ်က မရှည်ပေမယ့် သန်တော့သန်မာလှသည်။
ဧကရာဇ်အရှင်က သူ၏ တစ်စိုက်မတ်မတ်ဆွဲခေါ်သွား
ခြင်းကို ခံနေခဲ့ရသည်လေ။

"ကျွန်တော်က ရဲတင်းတယ်လေ"

သူ့မှာ ကလေးမျက်နှာလေးရှိသော်ငြား တစ်ချက်ကြည့်
လိုက်ရုံနှင့် ရဲတင်းလွန်းသည့်ပုံစံပင်။ ပျားရည်အိုင်ထဲမှာ
ကြီးပြင်းလာခဲ့ရသည့် သခင်ငယ်လေးဟာ ဤကမ္ဘာမြေ
လောကကြီး၏ ဆင်းရဲဒုက္ခတို့ကို မသိရှာသေးဘဲ ရဲတင်း
အထက်စီးဆန်နေခဲ့လေသည်။

ဧကရာဇ်အရှင်သည် သူ့အား ရိုက်နှက်ဆူဆဲငေါက်ငမ်း
ရန် ဝန်လေးနေခဲ့ပြီး သူက သူမနှင့် ရစ်ပတ်လုံးထွေးနေ
ခဲ့သည်မို့ စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ကာ ခဏတာ
ရုန်းမထွက်နိုင်ဖြစ်နေခဲ့ပြီးသည့်နောက် သူ့လက်များကို
ဖယ်ခိုင်းလိုက်၏။

"ကျွန်တော်နဲ့ ကစားပေးပါဆိုနေ"

သူက ဧကရာဇ်အရှင်ကို တစ်ဖန် ကပ်တွယ်လိုက်ပြန်သည်။

မောင်းမဆောင်မှ အမေ့လျော့ခံတစ်ယောက်၏ နေ့စဉ်ဘဝ (Male Pregnant)Where stories live. Discover now