ပန်းဆိုင်လေးထဲကို၀င်လိုက်သည်နှင့် ဂျီမင်းရဲ့ပထမဆုံးအတွေးက သူမရဲ့ဥယျာဥ်ကလေးကိုရေလောင်းဖို့ပဲဖြစ်တယ်။မနက်အစောကြီးပဲရှိသေးသည်မို့ အပင်ကလေးတွေကိုရေလောင်းဖို့အချိန်ရသေးသည်လေ။
ဂျီမင်းရဲ့ကလေးဘ၀က အဘွားရဲ့အိမ်မှာကြီးပြင်းလာခဲ့ရတယ်။အဘွားရဲ့ဥယျာဥ်ထဲက ပန်းပင်လေးတွေကို ဂျီမင်းပေါက်စတစ်ယောက် မနက်စောစောတစ်ကြိမ် နေ့မွန်းတည့်တစ်ကြိမ် ညတစ်ကြိမ်ရေလောင်းတာကိုအဘွားကသိတော့ ဂျီမင်းပေါက်ကို အဘွားက မွန်းတည့်ချိန်မှာ အပင်ကလေးတွေကိုရေမလောင်းသင့်ကြောင်း ပြောပြခဲ့တယ်လေ။ အတတ်ကလေးဂျီမင်းက အကြောင်းပြချက်ကိုမေးတော့ အဘွားက "နေမွန်းတည့်ချိန်ဆို နေမင်းကြီးရဲ့အပူဒဏ်ကြောင့် အပင်ကလေးတွေက ရေလောင်းတာကိုမကြိုက်ကြဘူး"လို့ပြန်ဖြေခဲ့တာကို ဂျီမင်းမှတ်မိနေပါသေးတယ်။
ဂျီမင်း ရေဖြန်းပုံးကိုရေဖြည့်ကာ ဆိုင်နောက်ဥယျာဥ်ကလေးထဲ၀င်သွားလိုက်သည်။ပန်းပွင့်လေးတွေရွက်နုလေးတွေက ရေရဲ့အထိအတွေ့ကြောင့်လန်းဆန်းသွားတာကိုကြည့်ရင်း ဂျီမင်းပြုံးမိသည်။
ထိုစဥ် ဆိုင်အရှေ့က ဘဲလ်တီးသံကိုကြားလိုက်ရတယ်။ ဂျီမင်း ဘဲလ်သံကြားတာနဲ့ ရုတ်တရက် မင်ဂျောင်းကိုအတွေးထဲပြေးမြင်လိုက်မိတယ်။ ချက်ချင်းပဲ ဂျီမင်းရေပုံးကိုချပြီးဆိုင်ထဲအပြေးလာလိုက်သည်။စိတ်လှုပ်ရှားမှုနှင့်အတူ ဂျီမင်းရင်တွေ ခုန်နေသည်။ဒါပေမယ့် ဆိုင်ထဲကိုရောက်တော့ သူမထက်ငယ်တဲ့တက်တူးကောင်မလေး မဟုတ်တာကိုတွေ့လိုက်ရတဲ့အခါမှာတော့ ဂျီမင်းအလိုမကျဖြစ်သွားမိတယ်။ဆိုင်ထဲမှာ အသက်အလတ်အရွယ်မိန်းမကြီးတစ်ယောက်က လီလီပန်းတွေကိုစိတ်တိုင်းကျ ရွေးချယ်နေတယ်။
ဂျီမင်းသူမကိုယ်ကိုမေးခွန်းပြန်မေးမိသည်။ ဘဲလ်သံကြားလိုက်တာနဲ့ အဲဒါ မင်ဂျောင်းဖြစ်မယ်လို့ ဂျီမင်းဘာလို့တွက်နေမိပါလိမ့်။မင်ဂျောင်းက ဒီတိုင်းသူမရဲ့ဆိုင်ရှေ့ကတက်တူးထိုးသမားတစ်ယောက်ပါပဲ။မင်ဂျောင်းက customer တစ်ယောက်မျှသာသာပဲ။
ဒါပေမယ့်တကယ်တမ်းတွေးကြည့်ရင် မင်ဂျောင်းက ဂျီမင်းအတွက် ရိုးရိုးcustomerသက်သက်ပဲ ဆိုတာ တကယ်မဟုတ်ဘူး။မင်ဂျောင်းကဆန်းကြယ်တဲ့လျှို့၀ှက်ချက်တွေအပြည့်နဲ့ကောင်မလေး။ ပြီးတော့ သူမရဲ့လက်တွေကတက်တူးတွေရဲ့အဓိပ္ပာယ်ကလည်း ဂျီမင်းရဲ့အာရုံကိုအမြဲဖမ်းစားတတ်သေးသည်။ပြီးတော့ တခြားcustomer တွေလိုရိုးရိုးပန်း၀ယ်ရုံမျှမဟုတ်။ဂျီမင်းကိုလည်း ပန်းတွေရဲ့အဓိပ္ပါယ်ကို အမြဲရှင်းပြခိုင်းတဲ့ ထူးဆန်းတဲ့ကောင်မလေးပါပေ။
အမျိုးသမီးကြီးက သူရွေးလိုက်သည့်ပန်းတွေကို ဂျီမင်းကိုပေးလိုက်တဲ့အခါမှာ ဂျီမင်းရဲ့အတွေးများလွင့်ပြယ်သွားလေတယ်။ ဂျီမင်း ပန်းတွေကို လိမ္မော်ရောင်ဖဲကြိုးနှင့်ချည်ပြီး အမျိုးသမီးကြီးကိုပေးလိုက်သည်။ အမျိုးသမီးကြီးလည်း ကျသင့်ငွေကိုပေးချေကာ ကျေးဇူးတင်ကြောင်းပြောပြီး အလျင်လိုနေသည့်ဟန်ဖြင့် ထွက်သွားလေသည်။■
ဂျီမင်းဆိုင်အတွင်းလုပ်စရာများကို လုပ်ပြီးသွားတော့ မဂ္ဂဇင်းတစ်ခုကိုယူကာအေးအေးလူလူထိုင်ဖတ်နေသည်။ ဘဲလ်သံမြည်လာတော့ မော့ကြည့်လိုက်တဲ့အခါ မင်ဂျောင်း ဆိုင်ထဲ၀င်လာတာကိုတွေ့ရသည်။ချက်ချင်းဆိုသလို ဂျီမင်း၏နှုတ်ခမ်းတွင်အပြုံးတစ်ခုဖြစ်ပေါ်သွားသည်။
"Iris" မင်ဂျောင်း တိုတိုတုတ်တုတ်မျှသာပြောလိုက်တယ်။
ဂျီမင်း customer တစ်ယောက်ရဲ့order အတွက်ပြင်ပေးထားတဲ့ အိုင်းရစ်ပန်းခြင်း ကိုကြည့်လိုက်သည်။"Iris ပန်းကလေးတွေက ဥာဏ်ပညာ ၊ ယုံကြည်မှု နဲ့ မျှော်လင့်ချက်ကိုကိုယ်စားပြုတဲ့ပန်းကလေးတွေပဲဖြစ်တယ်"
မင်ဂျောင်း ခြင်းထဲက ခရမ်းရောင်Irisတွေကိုလိုက်ကြည့်နေသည်။
ဂျီမင်း မင်ဂျောင်းရဲ့မျက်နှာအမူအရာကို အကဲခတ်နေမိသည်။သို့သော် မင်ဂျောင်းရဲ့ မျက်နှာမှာခံစားမှုတစ်စုံတစ်ရာကိုရှာမတွေ့ပေ။ဖြည်းဖြည်းချင်း ဂျီမင်းရဲ့အကြည့်တွေက မင်ဂျောင်းရဲ့မျက်နှာကနေ လက်တွေဆီကိုရောက်လာတယ်။ဂျီမင်း မင်ဂျောင်းကို ရှင်းပြခိုင်းဖို့ တက်တူးတစ်ခုခုရှာနေတယ်။
"ရှင့်ပုခုံးနားက chess board ပုံနဲ့တက်တူးက ဘာကိုဆိုလိုတာလဲ"
■
YOU ARE READING
တက်တူးနှင့်ပန်းကလေး(Mm trans)
Romance"ရှင့်လက်ပေါ်က အဲဒီတက်တူးရဲ့အဓိပ္ပါယ်ကို ပြောပြရင် ကျွန်မလည်း Violets တွေရဲ့အဓိပ္ပါယ်ကိုပြောပြမယ်လေ" This story is not mine. Crd to the original author.