6

85 10 0
                                    

"မင်းဒီတက်တူးရဲ့အဓိပ္ပါယ်ကိုသိချင်လား"

နဂါးကြီးတစ်ကောင်နှင့် နဂါးကြီးရှေ့ရပ်လျက်ကြောက်ရွံ့နေပုံရသည့်ကလေးမလေးပုံတက်တူးဖြစ်သည်။ ဤတက်တူးသည် လက်ပေါ်ရှိမင်ဂျောင်းအကြိုက်ဆုံးတက်တူးတွေထဲတစ်ခုဖြစ်သည်။
ထိုဆန်းပြားသည့်တက်တူးအကြောင်းကို လူတွေမေးသောအခါ မင်ဂျောင်းမပြောပြချင်တတ်ပါ။ထိုတက်တူးသည် မင်ဂျောင်းအတွက် လေးနက်သောအဓိပ္ပာယ်ရှိသည့် တက်တူးတစ်ခုဖြစ်နေသောကြောင့်ပင်။သို့သော် ဂျီမင်းကတော့ချွင်းချက်ဖြစ်သည်။ထိုတက်တူးအကြောင်းကို ဂျီမင်းသိလိုလျှင် မင်ဂျောင်းပြောပြချင်သည်။
ဂျီမင်း မင်ဂျောင်းပြလိုက်တဲ့တက်တူးကို အနည်းငယ်ကြာမျှကြည့်ပြီးခေါင်းငြိမ့်လိုက်တယ်။

"အဲဒီတက်တူးထဲက ကလေးမလေးကငါဖြစ်ပြီး ဒီနဂါးက ကမ္ဘာကြီးကိုရည်ညွှန်းတယ်။ငါငယ်တုန်းကဆိုရင် ရှုပ်ထွေးလွန်းတဲ့ ကမ္ဘာကြီးပေါ် ရှင်သန်ရမှာကိုကြောက်ခဲ့ဖူးတယ်။ အခုရင့်ကျက်လာတဲ့အခါ ကမ္ဘာကြီးကိုမကြောက်ဘဲ ကောင်းကောင်းရှင်သန်ရမယ်ဆိုတဲ့အကြောင်း ငါ့ကိုငါသတိပေးဖို့ ဒီတက်တူးကရှိနေခဲ့တာ"
ပြောရင်းမင်ဂျောင်းအသံတိမ်၀င်သွားသည်။

"ဒါပေမယ့် အမှန်တိုင်း၀န်ခံရရင်  ငါအခုထိနည်းနည်းတော့ကြောက်နေသေးတယ် "

ဂျီမင်းအနည်းငယ်ရယ်လိုက်မိသည်။ဂျီမင်းရဲ့ရယ်သံကိုကြားတော့ မင်ဂျောင်းခုနကထက်စိတ်သက်သာရာရသွားသည်။ဂျီမင်းကိုကြည့်ရင်း မင်ဂျောင်းပါလိုက်ပြုံးနေမိသည်။သူမ၏ရယ်သံကလေးကိုကအစ မင်ဂျောင်းမြတ်နိုးမိသည်။
ဂျီမင်းရဲ့အနားကိုရောက်တိုင်း မင်ဂျောင်းတခြားအချိန်တွေမှာထက် ပိုပြုံးနေမိတယ်လေ။ထိုအရာတွေကပဲမင်ဂျောင်းကိုပိုကြောက်လာစေမိသည်။
ဂျီမင်းလို သာမန်ကောင်မလေးတစ်ယောက်က မင်ဂျောင်းကိုယ်တိုင်တောင်ရှိမှန်းမသိခဲ့တဲ့ မင်ဂျောင်းရဲ့တခြားဘက်ခြမ်းကိုထုတ်ပြမိစေတဲ့အထိစွမ်းသည်တဲ့လေ။

                                  ■

ဒီနေ့နဲ့ဆို မင်ဂျောင်းပန်းဆိုင်ကလေးကိုရောက်မလာသည်မှာ တစ်ပတ်အတိရှိနေလေပြီ။ဒီရက်တွေအတောအတွင်း ဂျီမင်းအတွက်တစ်ခုခုလစ်ဟာနေသလိုခံစားနေရသည်မှာအမှန်ပင်ဖြစ်သည်။
မင်ဂျောင်းဖျားနေမှန်းလည်း ဂျီမင်းသိသည်။သို့သော် တက်တူးကောင်မလေးကို တွေ့ချင်နေမိသည့်စိတ်ကို ဂျီမင်းတားဆီး၍မရ။ဂျီမင်း သူမကိုမက်ဆေ့ချ်ပို့ပြီးသက်သာရဲ့လား အဆင်ပြေရဲ့လားမေးရန်စိတ်ကူးပေါ်သေးသည်။သို့သော် မင်ဂျောင်းရဲ့ social acc မပြောနှင့်။သူ့ဖုန်းနံပါတ်တောင် ဂျီမင်းမှာမရှိသေး။ မင်ဂျောင်း ဘယ်မှာနေမှန်းလည်းမသိတော့ အခက်တွေ့နေသည်။

မင်ဂျောင်းနေမကောင်းဖြစ်နေသည်ဆိုတော့ အိမ်မှာဂရုစိုက်ပေးမည့်တစ်ယောက်ယောက်ရှိမည်ဟုတွေးမိသည်။ ဒါပေမယ့် မင်ဂျောင်း တစ်ယောက်ယောက်နှင့် relationship အကြောင်း ထုတ်ပြောသည်ကိုလည်း ဂျီမင်းမကြားဖူးသေးဘဲကို။မင်ဂျောင်း တစ်ယောက်ယောက်နှင့်အတူရှိနေသည် ဆိုသည့်အတွေးက ဂျီမင်းကိုစိတ်မသက်မသာဖြစ်စေသည်။
ဘာကြောင့်ဒီလိုခံစားနေမိသလဲဆိုတာ ဂျီမင်းကိုယ်တိုင်လည်းမသိပါ။ဒါပေမယ့် ဂျီမင်းမှ မင်ဂျောင်းအတွက်ခံစားချက်မှမရှိပါဘဲ။ အနည်းဆုံးတော့ မိမိသည် မင်ဂျောင်းအတွက်ခံစားချက်မရှိဘူးဟုမှတ်ယူထားသည်လေ။
မင်ဂျောင်းက ထူးဆန်းတဲ့တက်တူးတွေနဲ့ကောင်မလေးမလို့ စိတ်၀င်စားမိယုံပါပဲ။မိမိကိုယ်တိုင်ကထူးထူးဆန်းဆန်းအရာတွေဆို နဂိုကတည်း စိတ်၀င်စားတတ်သည်မလို့။

ဒါပေမယ့် ဂျီမင်းခေါင်းထဲမှာ အရင်ကတည်းက အမြဲသိချင်နေခဲ့သည့် မေးခွန်းတစ်ခုရှိနေခဲ့သည်။

ဘာကြောင့် မင်ဂျောင်း ပန်းတွေကိုအမြဲလာ၀ယ်နေရတာလဲ? အဲဒီပန်းတွေကိုရောဘယ်သူ့ကိုပေးနေတာလဲ?

ဂျီမင်းအတွေးထဲ၌ ချစ်သူကောင်မလေးပုံစံ ကင်မင်ဂျောင်းကို ပုံဖော်နေမိသည်။မင်ဂျောင်းသာ ရည်စားကောင်မလေးတစ်ယောက်ဖြစ်ခဲ့လျှင် အဲဒီ cool face ရဲ့နောက်ကွယ်မှာ သဘောကောင်းလွန်းသည့် green flag ချစ်သူလေးဖြစ်နေလိမ့်မည်ဟု ဂျီမင်းထင်သည်။
ဂျီမင်း ကိုယ့်အတွေးနှင့်ကိုယ်ပြုံးနေမိသည်။

ထိုစဥ် ဘဲလ်သံမြည်လာတော့ ဂျီမင်းရုတ်တရက်မော့လိုက်သည်။
တစ်ပတ်လုံး ဂျီမင်းမျှော်နေခဲ့ရတဲ့ တက်တူးကောင်မလေးကို မြင်လိုက်ရတဲ့အခါ ဂျီမင်း၏မျက်လုံးများ လင်းလက်သွားလေသည်။

                                   ■

တက်တူးနှင့်ပန်းကလေး(Mm trans)Where stories live. Discover now