8

111 13 0
                                    

ဒီနေ့လည်း မင်ဂျောင်း အပေါ်ထပ်ကုတ်ကိုအလျင်စလို၀တ်ကာ ဂျီမင်းရဲ့ပန်းဆိုင်ကလေးသွားရန်ပြင်လိုက်သည်။
"ဘယ်သွားမလို့လဲ မင်ဂျောင်း။ ငါကြည့်နေတာ မင်းအခုတလော နေ့တိုင်းဒီအချိန်ဆို ထွက်သွားပြီး
၁၀မိနစ်၊၁၅မိနစ်လောက်ကြာမှ ပြန်ရောက်လာတယ်"

အယ်ရီမေးလိုက်တော့ မင်ဂျောင်း အနောက်ကိုလှည့်ကြည့်လိုက်သည်။
မင်ဂျောင်းဘာဖြေရှင်းချက်ပေးရမလဲတွေးလိုက်သည်။နေ့တိုင်းပန်းဆိုင်ကိုသွားနေသည့်အကြောင်းကို အယ်ရီတို့ကိုမပြောပြဖြစ်ခဲ့ပေ။ထို့အပြင်မင်ဂျောင်းသည်မိမိ၏ personal life အကြောင်းကိုပြောပြတတ်သည့်သူမျိုးမဟုတ်ပေ။ ဂျီမင်းသည် မင်ဂျောင်းအဖို့ ထူးခြားသောလျှို့ဝှက်ချက်ကလေးဖြစ်သည်။ ထိုလျှို့ဝှက်ချက်ကလေးကိုမည်သူ့ကိုမျှမမြင်စေချင်ပါ။မတွေ့စေချင်ပါ။မိမိဘာသာသိမ်းထားချင်မိသည်။
ဂျီမင်းသည် မင်ဂျောင်းအတွက်တော့ ထပ်တလဲလဲနားထောင်ချင်မိသော သီချင်းဟောင်းတစ်ပုဒ်ကဲ့သို့ဖြစ်ကာ ထိုသီချင်းကိုဘယ်သူ့ကိုမျှမနားထောင်စေလိုဘဲမိမိတစ်ယောက်တည်းနားထောင်လိုမိသည်။ အခြားတစ်ယောက်ယောက်ကများ မိမိသာသိသောသီချင်းကိုနားထောင်နေတာမြင်ရလျှင်အလိုမကျဖြစ်ပါလိမ့်မည်။တကယ်လို့မိမိသာ ဂျီမင်းဆီသွားနေတဲ့အကြောင်း အယ်ရီတို့ကိုပြောပြလိုက်လျှင် ဂျီမင်းကိုတွေ့ချင်ကြမည်မှာအမှန်ပင်။အကယ်လို့များ  သူတို့ ဂျီမင်းကိုတွေ့သွားကြပြီး လှတယ်လို့ထင်သွားရင်ရော...
တွေးမိရုံနဲ့တင် မင်ဂျောင်းအလိုမကျဖြစ်မိသည်။
"Umm ......ငါပန်းခြံနားကကော်ဖီဆိုင်ကိုသွားနေတာ အဲဒီမှာနေ့တိုင်းသွားသောက်ဖြစ်တယ်"

လိမ်လိုက်မိသည်။အယ်ရီလည်းထပ်မမေးတော့ဘဲခေါင်းငြိမ့်လိုက်သည်။ထိုစဥ်ဆိုင်က ဖုန်း၀င်လာသဖြင့်စကားစပြတ်ကာ အယ်ရီလည်းဖုန်းကောက်ကိုင်လိုက်သည်။ထိုအခါမှ မင်ဂျောင်းအသက်ရှူချောင်ချောင်နှင့် ဆိုင်ကထွက်လာလိုက်တော့သည်။

                                   ■

"Hey!!" မင်ဂျောင်းနှုတ်ဆက်တော့ ဂျီမင်းကပြုံးလျက်မော့ကြည့်လာသည်။

You've reached the end of published parts.

⏰ Last updated: May 14 ⏰

Add this story to your Library to get notified about new parts!

တက်တူးနှင့်ပန်းကလေး(Mm trans)Where stories live. Discover now