1

283 13 0
                                    

ဂျီ​မင်း​သည် ဒေစီပန်းကလေးများကိုဆိုင်၏ထောင့်တွင်နေရာချနေသည်။ ထိုစဥ် ဆိုင်ထဲကိုလူ၀င်သံကြားရသည်မို့ကြည့်လိုက်တော့ မိန်းကလေးသိပ်မဆန်လှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထိုသူကို ဂျီမင်းသိသည်။
ဂျီမင်းပန်းဆိုင်လေးရဲ့လမ်းတစ်ဖက်မျက်နှာချင်းဆိုင်က တက်တူးဆိုင်မှာအလုပ်လုပ်တဲ့ ကင်မ်မင်ဂျောင်း ဆိုသည့်မိန်းကလေးပေ။
သူမရဲ့လက်ရာကကောင်းသည်မို့ တက်တူးဆရာကင်မင်ဂျောင်းကိုသိပေမယ့် ဂျီမင်းသူမနဲ့တစ်ခါမျှစကားမပြောဖူးပါချေ။ တက်တူးထိုးထားတဲ့လူတွေကိုဆို အများကကြောက်ကြသည်။တစ်ချို့ကြတော့အမြင်စောင်းချင်ကြသည်။ကဲ့ရဲ့ချင်ကြသည်။ သို့ပေမယ့် ဂျီမင်းကတော့ အဲဒီလိုလူတွေထဲမပါပေ။ ဒါပေမယ့် မင်ဂျောင်းတစ်ယောက် ဆိုင်ထဲ၀င်လာတော့
ဂျီမင်း နည်းနည်းလေးတော့လန့်သွားမိတယ်။လန့်လည်းလန့်စရာပါလေ။ မိုးကြိုးပစ်သလိုရှုပ်ဖွာနေတဲ့ဆံညိုတိုတိုတွေရယ်၊ဂျင်းပြာကိုမှရှပ်အဖြူနဲ့တွဲ၀တ်ထားတဲ့ ထိုကောင်မလေးရဲ့ လက်နှစ်ဖက်ရော လည်တိုင်တွေမှာပါတက်တူးအပြည့်နဲ့လေ။ထိုတက်တူးနက်နက်များက သူမရဲ့နို့နှစ်ရောင်အသားအရေကိုဖုံးလွှမ်းထားလေသည်။ ဂျီမင်းထိုတက်တူးတွေကိုမြင်တာနဲ့ အဲဒီတက်တူးတစ်ခုချင်းစီရဲ့ နောက်ခံအဓိပ္ပါယ်တွေကို သိလိုစိတ်၀င်မိသည်။

"ဘာများအလိုရှိပါသလဲရှင်"
ဂျီမင်း customersတွေလာတဲ့အခါတိုင်းနှုတ်ဆက်နေကြအတိုင်း အပြုံးကလေးနှင့်နှုတ်ဆက်လိုက်သည်။

"ငါကြားဖူးတာက ပန်းတွေမှာသူတို့နဲ့သက်ဆိုင်ရာ
အဓိပ္ပာယ်ကိုယ်စီရှိတယ်ဆိုလို့ အဲဒီတော့ သေဆုံးခြင်းနဲ့ပတ်သက်တဲ့ပန်းများရှိလား အုတ်ဂူပေါ်မှာတင်လို့ရတဲ့ပန်းမျိုးလေ"

ဒီကောင်မလေးနေရာမှန်ကိုရောက်လာတာပဲ။ အဖြူရောင်လီလီပန်းတွေက သေချာပေါက်မင်ဂျောင်းရှာနေတဲ့ပန်းတွေပေါ့။ ဂျီမင်းလီလီပန်းတွေကိုသေချာစီထုပ်ပေးပြီး မင်ဂျောင်းကိုပေးလိုက်သည်။တက်တူးတွေနဲ့ကောင်မလေးက သူမပိုက်ဆံအိတ်ထဲက ကျသင့်ငွေကို ပေးလိုက်သည်။ ဂျီမင်းထိုကောင်မလေးရဲ့မျက်နှာကိုအကဲခတ်ကြည့်နေမိသည်။ ၀မ်းနည်းနေသည့်အရိပ်အယောင်စိုးစဥ်းမျှမတွေ့ရပေ။ခါတိုင်းဆိုင်ရှေ့ကဖြတ်ရင်မြင်နေကြမျက်နှာပေးနှင့်ပါပဲ။

"ဒီပန်းတွေက တကယ်ပဲ သေဆုံးခြင်းကိုရည်ညွှန်းတာလား" မင်ဂျောင်းမျက်ခုံးပင့်လျက် ကောင်တာမှာထိုင်နေတဲ့ ပန်းဆိုင်ရှင်ကိုမေးလိုက်သည်။
"ဒါပေါ့။ ပန်းတစ်ပွင့်ချင်းစီမှာ အဓိပ္ပါယ်ကိုယ်စီရှိတယ်လေ"
မင်းဂျောင်းခေါင်းတစ်ချက်ငြိမ့်ကာ ဆိုင်တွင်းအခင်းအကျင်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။ငွေပေးကာဆိုင်ထဲကနေထွက်သွားတော့သည်။

ဂျီမင်းရဲ့ပန်းဆိုင်ကလေးနောက်မှာ ပန်းဥယျာဥ်လေးတစ်ခုရှိသည်။အလှဆုံးပန်းကလေးတွေကို ထိုကိုယ်ပိုင်ပျိုးခင်းကလေးထဲမှာစိုက်ထားသည်။
ဂျီမင်းက ပန်းကလေးတွေကိုချစ်သည်။ပန်းကလေးတွေ ပွင့်လန်းလာအောင်ဂရုစိုက်ပေးရသည်ကို ဂျီမင်းပျော်သည်။ထိုဥယျာဥ်ကလေးက ဘယ်သူမှမသိတဲ့ ဂျီမင်းရဲ့ကိုယ်ပိုင်ကမ္ဘာကလေးဖြစ်သည်။
ပျိုးခင်းထဲရေလောင်းနေတုန်း ဆိုင်တံခါးဖွင့်သံကြားရသည်မို့ ရေပုံးကိုချကာဆိုင်ရှေ့ကိုထွက်လာလိုက်သည်။ လက်အိတ်နဲ့ဦးထုပ်ကိုချွတ်ရင်းအလုပ်ရှုပ်နေသည်မို့ ဘယ်သူမှန်းဂျီမင်းမမြင်မိပါ။

"Violets ပန်းတွေရဲ့အဓိပ္ပါယ်ကဘာလဲ"

ဂျီမင်းထိုအသံကိုကြားသည်နှင့် ဘယ်သူမှန်းသိလိုက်သည်။ဂျီမင်းလှည့်ကြည့်လိုက်သည်နှင့် ခံစားမှုမရှိမျက်နှာသေနဲ့မတ်တပ်ရပ်နေသည့် ထိုတက်တူးကောင်မလေးကိုတွေ့လိုက်ရသည်။ ထိုတစ်ခါလက်တို၀တ်ထားသည်မို့သူမရဲ့လက်မောင်းကတက်တူးတွေကိုအထင်းသားမြင်နေရသည်။ ထိုတက်တူးတွေထဲမ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဂျီမင်းထိုအသံကိုကြားသည်နှင့် ဘယ်သူမှန်းသိလိုက်သည်။ဂျီမင်းလှည့်ကြည့်လိုက်သည်နှင့် ခံစားမှုမရှိမျက်နှာသေနဲ့မတ်တပ်ရပ်နေသည့် ထိုတက်တူးကောင်မလေးကိုတွေ့လိုက်ရသည်။ ထိုတစ်ခါလက်တို၀တ်ထားသည်မို့သူမရဲ့လက်မောင်းကတက်တူးတွေကိုအထင်းသားမြင်နေရသည်။ ထိုတက်တူးတွေထဲမှ တစ်ခုကဂျီမင်းရဲ့အာရုံကိုဖမ်းစားသွားသည်။ထိုတက်တူးရဲ့အဓိပ္ပါယ်ကိုမသိသည်မို့ စပ်စုလိုသည့်စိတ်နှင့်အတူဂျီမင်းမျက်ခုံးများမြင့်တက်လာလေသည်။

"ရှင့်လက်ပေါ်က အဲဒီတက်တူးရဲ့အဓိပ္ပါယ်ကို ပြောပြရင် ကျွန်မလည်း Violets တွေရဲ့အဓိပ္ပါယ်ကိုပြောပြမယ်လေ"

တက်တူးနှင့်ပန်းကလေး(Mm trans)Where stories live. Discover now