3

88 9 0
                                    

မင်ဂျောင်း ပန်းဆိုင်ကလေးထဲကို၀င်လိုက်သည်နှင့် လူ၀င်လာသည့်အခါအချက်ပြသည့် ခေါင်းလောင်းကလေးမြည်သွားသည်။ ဂျီမင်း တစ်ယောက်  ကောင်တာမှာ သတင်းစာ စက္ကူတစ်ချို့ကို စီနေရင်းအလုပ်ရှုပ်နေပုံရသည်။မင်ဂျောင်းဆိုင်ထဲ၀င်လာသည်ကိုအာရုံမရပေ။ မင်ဂျောင်းလည်ချောင်းကိုရှင်းကာ ဂျီမင်း၏attentionကိုယူလိုက်မှ ဂျီမင်းမော့ကြည့်လိုက်သည်။ မင်ဂျောင်းကိုတွေ့တော့ ဂျီမင်းပြုံးပြလိုက်သည်။
"ပန်း၀ယ်မလို့လား"
"ငါ Gardeniasပန်းတွေရဲ့အဓိပ္ပါယ်ကိုသိချင်တယ်" 

မင်ဂျောင်း ပန်းဆိုင်ကလေးထဲကို၀င်လိုက်သည်နှင့် လူ၀င်လာသည့်အခါအချက်ပြသည့် ခေါင်းလောင်းကလေးမြည်သွားသည်။ ဂျီမင်း တစ်ယောက်  ကောင်တာမှာ သတင်းစာ စက္ကူတစ်ချို့ကို စီနေရင်းအလုပ်ရှုပ်နေပုံရသည်။မင်ဂျောင်းဆိုင်ထဲ၀င်လာသည်ကိုအာရုံမရပေ။ မင်ဂျောင်းလည်ချောင်းကိုရှ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဒါဆို ကျွန်မလည်း ရှင့်ကိုယ်ပေါ်က တက်တူးအားလုံးရဲ့အဓိပ္ပါယ်ကိုသိချင်တယ်"

မင်ဂျောင်းမပြုံးမိအောင် ကိုယ့်နှုတ်ခမ်းကို ကိုယ်ကိုက်ထားလိုက်ရသည်။ပြုံး​ပြ​ခြင်းက မင်ဂျောင်းရဲ့another personality ကိုထုတ်ပြလိုက်ခြင်းပဲမဟုတ်ပါလား။ မင်ဂျောင်း သူမရဲ့ဒီဘက်ခြမ်းpersonality ကို လူတွေအားထုတ်မပြချင်ပါ။

"လူတိုင်းမှာလျှို့၀ှက်ချက်ရှိတယ်"
မင်ဂျောင်းက ရိုးရှင်းစွာဖြေရှင်းချက်ပေးတော့ ဂျီမင်းခေါင်းငြိမ့်လိုက်သည်။ သို့သော်ဂျီမင်းရဲ့မျက်လုံးထဲ  မနေ့ကအိန်ဂျယ်ပုံတက်တူးမေးတုန်းကလို သိလိုစိတ်ပြင်းပြနေသည့်အရိပ်အယောင်တော့မတွေ့ရပေ။
မင်ဂျောင်း ဂျီမင်းရဲ့သိလိုစိတ်ပြင်းပြနေသည့်မျက်နှာကလေးကိုပြန်မြင်ချင်မိသည်။ မနေ့က စပ်စုစိန်လုပ်ခဲ့တဲ့ ဂျီမင်းရဲ့မျက်နှာထားက ဘာကြောင့်မှန်းမသိ မင်ဂျောင်းကိုပျော်စေသည်။ဂျီမင်းက သူမလက်ပေါ်ကတက်တူးတွေရဲ့အဓိပ္ပါယ်ကို စိတ်၀င်စားနေတာကို ကြည့်​ရတာက မင်ဂျောင်းကိုစိတ်လှုပ်ရှားစေသည်။

" Gardenias ပန်းကလေးတွေရဲ့ အဓိပ္ပာယ်က  ပျော်ရွှင်မှု လို့အဓိပ္ပါယ်ရတယ်။ပြီးတော့ တစ်စုံတစ်ယောက်ကို Gardeniasပန်းပေးတာက  မင်းကချစ်ဖို့ကောင်းတယ် ဆိုပြီးပြောလိုက်သလိုပဲ။ပြီးတော့ Gardenias တွေက တိတ်တခိုးအချစ် ကိုလည်းကိုယ်စားပြုတယ်"

"ရှင် ၀ယ်မှာလား"

"အင်း"

ဂျီမင်း Gardenias တချို့ကိုဖဲကြိုးနှင့် သေချာ
သန့်ရပ်စွာချည်ကာ မင်ဂျောင်းကိုပေးလိုက်သည်။
မင်ဂျောင်းကျသင့်ငွေကိုပေးတော့ ဂျီမင်းကပြုံးပြသည်။
"Bye မင်ဂျောင်း"
မင်ဂျောင်းဘာမှမပြောရသေးခင် ဂျီမင်းပြောလိုက်သည်။ဂျီမင်းရဲ့နှုတ်ဆက်သံကလေးက မင်ဂျောင်းစိတ်ထဲမှာ ပြုံးသွားစေတယ်။

                                 
                                   ■

ခါတိုင်းဆို ဆိုင်ဖွင့်ဖို့ ဂျီမင်း တက်တူးဆိုင်ကလေးရှေ့ကဖြတ်ရင် ထူးထူးခြားခြားဘာမှမတွေးမိ။ဒီအတိုင်းဖြတ်သွားတတ်သည်။ဒါပေမယ့် အခုတော့ ဒီတက်တူးဆိုင်ကလေးရှေ့ကဖြတ်ရင် ဂျီမင်း မင်ဂျောင်းကို တွေးမိသည်။ဤနေ့လည်း မင်ဂျောင်းအကြောင်းတွေးမိပြန်သည်။ အခုလည်းကြည့်ဦးလေ။ ဂျီမင်း တက်တူးဆိုင်ရှေ့မှာရပ်လျက် မင်ဂျောင်းကို ၀င်ရှာကြည့်လိုက်ရမလား  ရှာမကြည့်ရဘူးလား အတွေးရောက်နေပြန်သည်။

"မဟုတ်သေးပါဘူးလေ။ အဲလို၀င်တွေ့တာက
တုံးတဲ့ပုံပေါက်တယ်မလား။ ငါတို့ သူငယ်ချင်းတောင်မဖြစ်ရသေးဘဲကို"
ဂျီမင်း သူမရဲ့ခြေလှမ်းတွေကိုပြန်လှည့်လိုက်တယ်။ လမ်းတစ်ဖက်ကိုဖြတ်ကူးပြီး သူမရဲ့ပန်းဆိုင်ကလေးဖွင့်ရန် အဆင်သင့်ပြင်တော့တယ်။

                                   

တက်တူးနှင့်ပန်းကလေး(Mm trans)Where stories live. Discover now