2

121 8 0
                                    


"ရှင့်လက်ပေါ်က အဲဒီတက်တူးရဲ့အဓိပ္ပါယ်ကို ပြောပြရင် ကျွန်မလည်း Violets တွေရဲ့အဓိပ္ပါယ်ကိုပြောပြမယ်လေ"

ဂျီမင်းလက်ညိုးနှင့်ညွှန်းလိုက်သည့် တက်တူးကို မင်ဂျောင်းကြည့်လိုက်သည်။ တောင်ပံနှစ်ဖက်ဖြန့်ကျက်လျက် ဂရုဏာသက်သည့်ဟန်မျက်နှာထားရှိသောအိန်ဂျယ်ပုံတက်တူးဖြစ်သည်။ သို့သော် ထိုအိန်ဂျယ်၏ ဦးခေါင်းထက်တွင် နတ်ဆိုးဂျိုများထွက်နေသေးကာအနောက်တွင်လည်းနတ်ဆိုးအမြီးလည်းပါသေးသည်။

မင်ဂျောင်း မသိမသာပြုံးချင်သယောင်ဖြစ်သွားသည်။သို့သော်လည်း ဂျီမင်းမမြင်လိုက်ပါ။မင်ဂျောင်းသည် ဂျီမင်းရပ်နေတဲ့ ကောင်တာအနားကိုလာပြီးသူမ၏လက်မောင်းကိုပြလိုက်သည်။ ဂျီမင်းရဲ့မျက်လုံးတွေက ထိုတက်တူးပေါ်မှာကျရောက်နေဆဲ။

"ဒီကမ္ဘာကြီးထဲမှာ ဘယ်သူမှလုံး၀angle ဖြစ်မနေဘူး။ ပြောရရင် ငါတို့အားလုံးမှာ evil side အနည်းငယ်စီရှိကြတာပါပဲ"

ဂျီမင်း မင်ဂျောင်းရဲ့မျက်လုံးတွေကိုကြည့်​လိုက်​သည်။ ပထမဆုံးအကြိမ်အနေနဲ့ ထိုကောင်မလေးရဲ့မျက်လုံးတွေထဲ ခံစားချက်တစ်ခုခုပါနေသည်ကို ဂျီမင်းသတိထားမိသည်။ ဒီတက်တူးတွေရဲ့အနောက်မှာလေးနက်တဲ့အဓိပ္ပါယ်တွေပါနေခဲ့သည်ကိုး။ ဂျီမင်း သူမအရှေ့မှာရပ်နေတဲ့ ဆန်းကြယ်တဲ့ ဒီတက်တူးကောင်မလေးအကြောင်းကို ပိုပြီးပိုပြီးတော့သိချင်မိသည်။

"အော်...ဒီလိုကိုး။တကယ်ထူးဆန်းတဲ့တက်တူး​ပဲ အဲ.. ကျွန်မဆိုလိုချင်တာက ရှင့်တက်တူးလို ထိုးထားတဲ့လူမျိုးမတွေ့ဖူးသေးဘူးလို့ဆိုလိုတာပါ"

ဂျီမင်ရဲ့စကားကိုကြားသည်နှင့် မင်ဂျောင်းအနည်းငယ်မျှခပ်ဟဟ ရယ်လိုက်သည်။ မင်ဂျောင်းရဲ့ထိုကဲ့သို့ရယ်နေတဲ့ပုံစံကိုတစ်ခါမှ မမြင်ဖူးတာမို့ ဂျီမင်းကြောင်နေမိတယ်။ တစ်ချိန်တည်းမှာထိုတက်တူးကောင်မလေးရဲ့ရယ်နေတဲ့ပုံကို ဂျီမင်းသဘောကျမိသည်။ ဂျီမင်း ပိုသိချင်မိသည်။ ဒီအတိုင်း ဂျီမင်းရဲ့ပန်းဆိုင်ရှေ့က တက်တူးဆိုင်မှာအလုပ်လုပ်တဲ့၊လူတွေရဲ့မနှစ်မြို့တဲ့အကြည့်ခံရတဲ့ တက်တူးကောင်မလေး ကင်မ်မင်ဂျောင်းကို မဟုတ်ဘဲ တကယ့်မင်ဂျောင်းအစစ်ရဲ့ပုံစံကိုပေါ့။

တက်တူးနှင့်ပန်းကလေး(Mm trans)Where stories live. Discover now