AHSASMW Chapter 2 - First Disciple, Xiao Tian

3.7K 20 0
                                    

All Heaven's Sons are Surrounding my Wife
(ငါ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးက ကောင်းကင်သားတော်တွေရဲ့ အသည်းစွဲ)

Genre : Xianxia, Martial Arts, System, Reverse Harem, Cuckold

အပိုင်း ၂ အမှိုက်တပည့်
ရှောင်းတန်

၅ ရက်ကြာသော်
တောင်ပိုင်းကုန်းမြေကြီး၏ တောင်းပိုင်းမဟာမိတ်အဖွဲ့အစည်းတွင်

ဟန်လင်းနှင့် ယုရွှမ်းယွဲ့တို့ လ၀န်းပြာ စားသောက်ဆိုင်ကြီးတွင် စားသောက်ကာ စကားပြောနေကြသည်။
ဒီနေ့က သူတို့ တောင်ပိုင်းကုန်းမြေသို့ရောက်တာ ဆယ်ရက်ပြည့်ပြီဖြစ်သည်။
တပည့်စုဆောင်းခြင်းသည် လွန်ခဲ့သည့် သုံးရက်တွင် ပြီးဆုံးပြီး ဟန်လင်းလည်း ကောင်းကင်သားတော်အား တွေ့ရှိခဲ့သည်။

ထိုကောင်းကင်သားတော်၏ အမည်မှာ ရှောင်းတန်ဖြစ်ပြီးတော့ စနစ်၏ ဖော်ပြချက်အရ သူသည်ယခင်က ပါရမီရှိခဲ့ရာမှ နတ်ဘုရားရတနာတစ်ခုကြောင့် ပါရမီခဏပျောက်ကွယ်သွားရသူ ဖြစ်သည်။

ထိုစဉ်က ယွဲ့အာကတော့ သူ့အားမကြိုက်ပေ။
ယွဲ့အာအမြင်တွင်တော့ အရင်က မည်မျှထူးချွန်ခဲ့ပါစေ ယခုအမှိုက်ဖြစ်နေပြီဖြစ်သည်ဟု ခံယူထားသည်။
သို့သော် သူကလက်ခံချင်နေသောကြောင့် ဘာမှမပြောသာပေ။

ယနေ့တွင်တော့ သူတို့သုံးယောက်လည်း စားသောက်ဆိုင်တစ်ခုတွင် ထိုင်ကာစားသောက်စကားပြောနေသည်။
"ကိုကိုကလည်း အခုအချိန်ကျမှ ဉာဏ်အလင်းပွင့်ရတယ်လို့ အဲ့ဒီလိုမှန်းသိ ပျံသန်းနိုင်တဲ့ ရတနာထည့်လာတာပေါ့"
ယုရွှမ်းယွဲ့တစ်ယောက် ဟန်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ညည်းညူကာမျက်နှာလေးစူပြတ်ရင်း ပြောနေတာဖြစ်သည်။
သူမ၏ ညာဘက်တွင်တော့ ဟန်လင်းမနေ့ကမှ လက်ခံထားသော တပည့်ရှောင်းတန်ကထိုင်နေသည်။

ဟန်လင်းလည်း မချိပြုံးပြုံးကာ
"ကိုယ့်အမှားပါ ယွဲ့အာရယ်
ဒါမှမဟုတ်ရင်လည်း ရှောင်းတန်နဲ့အတူတူပဲ ဒီမှာစောင့်နေလိုက်ပါလား ကိုယ် ပြီးရင်ပြန်လာခဲ့မယ်လေ" ဟု ရှောင်းတန်အားညွှန်ပြရင်းပြောလိုက်သည်။
ထို့နောက် ရှောင်းတန်အား စနစ်ဖြင့် စစ်ဆေးလိုက်သည်။
Name - ရှောင်းတန်
Age - 18
Cultivation - ရွှေအမြုတေအဆင့်
Spouse - none
Love Interest - ယုရွှမ်းယွဲ့
Master - ဟန်လင်း
'ဟမ် ငါ့မိန်းမကို စိတ်၀င်စားနေပြီလား။ ထင်တဲ့အတိုင်းပဲ ကောင်းကင်သားတော်တွေက အချောအလှဆိုရင် အလွတ်မပေးဘူးပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုဆိုတော့လည်း ငါစီစဉ်ရတာလွယ်သွားတာပေါ့"

All Heaven's Sons are Surrounding my WifeWhere stories live. Discover now