AHSASMW Chapter 10 : Morning Call

1.9K 16 1
                                    

All Heaven's Sons are Surrounding my Wife
(ငါ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးက ကောင်းကင်သားတော်တွေရဲ့ အသည်းစွဲ)

Genre : Xianxia, Martial Arts, System, Reverse Harem, Cuckold

အပိုင်း ၁၀

"ချောက် ကျွီ ဂျလောက်"
လူသူကင်းမဲ့နေပြီဖြစ်တဲ့ ကော်ရစ်ဒါတစ်လျှောက်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး တိုက်ခန်းတံခါးအား ဆွဲဖွင့်လိုက်သည်။
တံခါးပြန်ပိတ်ပြီးနောက်တွင်တော့ ဟန်မဆောင်နိုင်စွာပင် ဆိုဖာပေါ်သို့ခြေပစ်လက်ပစ် လှဲချလိုက်မိတော့၏။
"ဟားး ချစ်သူများနေ့ ဟမ်?။ ချစ်သူများနေ့တော့ လီးဖြစ်လား၊ ဒီသောက်လုပ်ပဲလုပ်နေရတာပဲလေ။ လီးသူဌေးပါကွာ"
မျက်လုံးများမှိတ်ထားရင်းက မကျေမချမ်းဖြင့် ရေရွတ်နေသည်။

"တောင်!"
အသံကြောင့် ဘေးတွင်ချထားသော ဖုန်းကိုလက်ဖြင့်လှမ်းဆွဲယူလိုက်၏။
QQ အားဖွင့်ကြည့်လိုက်တော့ gp တိုင်းတွင် ချစ်သူများနှင့် ပြည့်နှက်နေချေပြီ။
QQ ပြန်ပိတ်ကာ ဂိမ်းတစ်ပွဲကစားလိုက်သည်။
ထို့နောက် ရေခဲသေတ္တာကိုဖွင့်၍ beer တစ်ဗူးထုတ်ယူကာ ကြက်ဥတစ်လုံးဖြင့် မျှောချလိုက်ပြီးချိန်တွင် သူ့ညစာမှာပြီးဆုံးသွားချေပြီ။

နာရီအား ကြည့်လိုက်တော့ ၉ နာရီ။
အခန်းထဲသို့၀င်ကာ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည်။
အ၀တ်အစားများလည်း မလဲမိချေ။
ဆယ်မိနစ်ခန့်သာရှိဦးမည်၊ သူ့မျက်နှာပေါ်သို့ ကျရောက်လာသော အေးစက်စက်ခံစားမှုကြောင့် မျက်လုံးအားပျင်းရိပျင်းတွဲဖြင့် ဖွင့်လိုက်၏။
မျက်နှာအားလက်ဖြင့်သပ်ကြည့်တော့ ဘာမှမရှိချေ။
ပြန်အိပ်ပြီး ခဏအကြာ ရေတစ်စက်က ပေါက်ခနဲ ထက်ကျလာပြသည်။
"ဟမ် တိုက်ခန်းရေယိုနေတာလား"
တိုးတိုးရေရွတ်ရင်း မျက်နှာအားထပ်စမ်းကြည့်တော့ ဘာမှမရှိချေ။
မျက်လုံးမှိတ်ကာ ပြန်အိပ်သော်လည်း ရေစက်များထကျလာပြန်၏။
ဤတစ်ခါတွင်တော့ သူ့ပါးစပ်အတွင်းသို့ဖြစ်သည်။
နှာခေါင်းမှ ညှီစို့စို့အနံ့ကြောင့် လျှာကိုသပ်လိုက်တော့ ချိုမြိန်သောအရသာအားခံစားလိုက်ရ၏။
သက်ပြင်းချကာ မျက်လုံးအားစိတ်ပျက်လက်ပျက် ထပ်ဖွင့်ကြည့်လိုက်မိသည်။

All Heaven's Sons are Surrounding my WifeWhere stories live. Discover now