AHSASMW Chapter 5

2.1K 10 0
                                    

All Heaven's Sons are Surrounding my Wife
(ငါ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးက ကောင်းကင်သားတော်တွေရဲ့ အသည်းစွဲ)

Genre : Xianxia, Martial Arts, System, Reverse Harem, Cuckold

အပိုင်း ၅

နောက် ၅ရက်ခန့်အကြာတွင် ဟန်လင်းတို့၏ လှေပျံသည် အလယ်ပိုင်းကုန်းမြေရှိ ဓားအိမ်မက်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။

"ဓားသူတော်စင်"
"ဓားသူတော်စင်"
ဂိုဏ်းရှိအကြီးအကဲများစွာက ဟန်လင်းအား ကြိုဆိုလိုက်ကြသည်။
အမျိုးသမီးအကြီးအကဲတစ်ချို့မှာ ဟန်လင်းအားလေးစားစိတ်ဖြင့်ကာ တစ်ချို့တစ်လေသည်တော့ ဆွဲဆောင်စွာပြုံးပြနေကြသည်။
ထိုအမျိုးသမီးများ၏ အလှအပမှာ ယုရွှမ်းယွဲ့ထက် အနည်းငယ်သာ နိမ့်ကျသော်လည်း ဟန်လင်းကတော့ လျစ်လျူရှုထားလိုက်သည်။

ထိုအချိန်မှာပင် အကြီးအကဲတစ်ချို့က ဟန်လင်းနောက်ရှိ ရှောင်းတန်အား သတိထားမိသွားကာ
"ဓားသူတော်စင် ဒါက...?"
ဟန်လင်းလည်း ရှောင်းတန်အား အကြီးအကဲများဖြင့် မိတ်ဆက်လိုက်သည်။
"သူက ကျွန်တော်နောက်ထပ်ခေါ်ယူထားတဲ့ တပည့်ပါ။ ရှောင်းတန်တဲ့။ ရှောင်းတန် ဒါက ဓားအိမ်မက်ဂိုဏ်းရဲ့ အကြီးအကဲတွေပဲ"
အကြီးအကဲတစ်ယောက်မှာ အံ့ဩစွာဖြင့်
"ကျုပ်ကြားထားတာ ရှောင်းတန်ဆိုတဲ့ကောင်လေးက အခြေတည်ဆောက်ခြင်း အစပိုင်းပဲ ရှိသေးတယ်ဆို အခုက"
သူလည်း ပြောရင်းမှရပ်သွားပြီး ရှောင်းတန်အား အားနာစွာကြည့်လိုက်သည်။
ရှောင်းတန်ကတော့ တည်တည်ငြိမ်ငြိမ်ပင် ပြုံးလိုက်ပြီး
"ဟုတ်ပါတယ်။ ကျွန်တော့်ဆရာရဲ့ ညွှန်ကြားမှုကြောင့်ပဲ အခုလိုအဆင့်တက်လာရတာပါ အကြီးအကဲတို့"
"ဟားဟားဟား ငါ့သွန်သင်မှုက နည်းနည်းပဲ ပါတာပါကွာ"
ဟန်လင်းလည်း ရယ်ကာပြောလိုက်သည်။

အကြီးအကဲများလည်း အကြည့်ချင်းဖလှယ်လိုက်ကြကာ အကြောင်းပြချက်က အဲ့လောက်ရိုးရှင်းမှာမဟုတ်ဟု ခံစားလိုက်ရသည်။
တစ်ဘ၀လုံးကိုယ်ပိုင်တပည့် လက်မခံခဲ့သော ဓားသူတော်စင်မှ လက်ခံထားတပည့်ဖြစ်သည်မို့ ဤသည်မှာလည်း လက်ခံနိုင်ပေသည်။

ထိုအချိန်တွင် ယုရွှမ်းယွဲ့ထက် အနည်းငယ်သာ လှပမှုနိမ့်ကျသော အကြီးအကဲတစ်ယောက်မှ
"မင်္ဂလာပါ ရှောင်းတန်။ တို့နာမည်ကတော့ ရှင်းယွင်ပါ မျိုးရိုးက မင်။ တို့ခန့်မှန်းတာမမှားရင် မင်းအခုထိ ဘယ်တောင်ထွဋ်ကိုမှ မရွေးရသေးဘူးမလား"
ရှောင်းတန်လည်း အံ့ဩသွားသည်။ ထို့အပြင် သူမ၏ အလှအပကိုလည်း အသိအမှတ်ပြုလိုက်မိသည်။
အကြီးအကဲတစ်ချို့လည်း သူမစကားကြောင့် မျက်နှာအမူအရာများပြောင်းသွားကာ စိတ်ထဲမှလည်း 'အရှက်ကိုမရှိဘူး' ဟုကျိန်ဆဲလိုက်ကြသည်။
မုတ်ဆိတ်ဖြူနှင့် အကြီးအကဲတစ်ယောက်လည်း ချောင်းဟန့်ရင်း
"ညီမ ရှင်းယွင်ကလည်း အဲ့လောက်မလောနဲ့လေ။ ကောင်လေး ရှောင်းတန်က အခုမှရောက်တာ အကုန်ဘယ်သိပါ့ဦးမလဲ"
မင်ရှင်းယွင်လည်း နှာခေါင်းရှုံ့ကာ တစ်စုံတစ်ခုပြန်ပြောမည်အပြု
"နေ နေကြပါဦးဗျ။ ကျွန်တော်က ဆရာ့ရဲ့ တောင်ထွဋ်မှာပဲ နေဖို့ဆန္ဒရှိပါတယ်" ဟု မြန်မြန်ပင်
ဖြတ်ပြောလိုက်သည်။
အကြီးအကဲတွေလည်း သူ့စကားကြောင့်ကြောင်သွားသည်။

All Heaven's Sons are Surrounding my WifeWhere stories live. Discover now