AHSASMW Chapter 4 - Awakened YueEr's Secret Desire

2.2K 12 0
                                    

All Heaven's Sons are Surrounding my Wife
(ငါ့ရဲ့တစ်ဦးတည်းသော ချစ်ဇနီးက ကောင်းကင်သားတော်တွေရဲ့ အသည်းစွဲ)

Genre : Xianxia, Martial Arts, System, Reverse Harem, Cuckold

အပိုင်း ၄ - ယွဲ့အာ၏ နိုးထခြင်း

ဟန်လင်းလည်း Divine View အားပိတ်ကာ စနစ်အား ပြောလိုက်သည်။
"စနစ် ရတနာသေတ္တာ ဖွင့်လိုက်ပါ"
စနစ် - 'ဒင်! ရတနာသေတ္တာဖွင့်လိုက်ပါသည်။
ဒင်! အမတအဆင့် ဟင်းလင်းပြင်ဓားအား ရရှိပါသည်။
ဤဓားသည် ကမ္ဘာများအား ဖြတ်ကျော်ကာ ရန်သူအား သတ်နိုင်စွမ်းရှိသည်။
သင်၏ စွမ်းအင် တစ်ရာရာခိုင်နှုန်း ထည့်လိုက်ပါက အမတအဆင့်အား သတ်နိုင်စွမ်းရှိသည်။
*ဝိုး ဂေါ်တယ်ဟ။*

ထို့နောက် စနစ်အားပိတ်ကာ လှေပျံ၏ ဧည့်ခန်းထဲသို့ဆင်းလာလိုက်ပြီး ယွဲ့အာနှင့် ရှောင်းတန်အား လာတွေ့ရန် ပြောဆိုလိုက်သည်။

ယုရွှမ်းယွဲ့လည်း ဟန်လင်း၏ အသံကြောင့် ထိတ်ကနဲဖြစ်သွားပေမယ့် အသံကပုံမှန်ဖြစ်နေတာမို့ စိတ်အေးသွားရသည်။
ရှောင်းတန်ကတော့ အေးဆေးသာ အရှေ့ဤ လျှောက်ကာသွားနေသည်။
ယုရွှမ်းယွဲ့လည်း ရှောင်းတန်၏ တည်ငြိမ်မှုကြောင့် ပိုစိတ်အေးသွားသည်။
ထို့ကြောင့် ရှောင်းတန်၏ နောက်ကျောအားကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"လူလည်ကြီးပဲ"
"ဟမ် ဘာလဲ"
ရှောင်းတန်လည်း လှည့်ကာမေးလိုက်သည်။
ယုရွှမ်းယွဲ့လည်း နှုတ်ခမ်းလေးကွေးကာ
"ဘာမှမဟုတ်ပါဘူး"
"... ..."
ရှောင်းတန်လည်း အူကြောင်ကြောင်ဖြင့်ကြည့်ကာ ပြန်လှည့်သွားပြီး ရေရွတ်လိုက်သည်။
"ဘာမှန်းလဲ မသိဘူး ဟမ့်"
ယုရွှမ်းယွဲ့လည်း ပြုံးစိစိဖြင့်ပင် ဟန်လင်းဆီသို့ ရောက်သွားကြသည်။

ယုရွှမ်းယွဲ့နှင့် ရှောင်းတန်လည်း ဟန်လင်း၏ ရှေ့တွင်မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။
ဟန်လင်းလည်း သူတို့နှစ်ယောက်အားကြည့်ပြီး ရှောင်းတန်အား
"ကဲ ငါ့တပည့်ရေ ဆရာတော့ မင်းနဲ့ သင့်တော်မယ့် ကျင့်စဉ် ၄ ခုရေးထားတယ်။
မင်းကိုယ်တိုင်ပဲ ရွေးကြည့်လိုက်ပါ။" ဟု ပြောကာ
ရှောင်းတန်၏ ရှေ့သို့ စာလိပ် ၄ ခုအား ချပေးလိုက်သည်။

ရှောင်းတန်လည်း သူ့ရှေ့က စာလိပ် ၄ ခုအားတစ်ခုချင်းစီ ဖတ်ကြည့်လိုက်သည်။
ယုရွှမ်းယွဲ့လည်း သူ၏ဘေးမှပင် စိတ်၀င်စားစွာ ကြည့်နေသည်။
*ပထမကျင့်စဉ် - မိုးရေဓား
ကြီးမြတ်သောသူတော်စင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်သည်။
မိုးရေ၏ သဘာ၀ကိုအခြေခံကာ အမြန်နှုန်းနှင့် ပျော့ပျောင်းမှုကို အဓိကထားသည်။
သူတော်စင်အဆင့်တွင် တောင်နှင့် သမုဒ္ဒရာများကိုပင် ဖောက်ထွင်းသွားစေနိုင်ပါသည်။*
*ဝိုး*
ရှောင်းတန်လည်း အံ့ဩကာ သူ့ဆရာ၏ စေတနာအတွက်လည်း ခံစားသွားရသည်။
ထို့အပြင် ယုရွှမ်းယွဲ့နှင့် ကိစ္စအတွက်လည်း အပြစ်မကင်းသည့် စိတ်ပေါ်လာသောကြောင့် သူ့ဆရာအား အခါအခွင့်သင့်လျှင် ၀န်ခံရန် ဆုံးဖြတ်လိုက်သည်။
ယုရွှမ်းယွဲ့လည်း အံ့ဩသွားသည်။
ဟန်လင်းအားကြည့်ကာ
"ဟင် အမတတစ်၀က်အဆင့်လား ကိုကိုက ယွဲ့အာကိုတောင် အဲ့လိုကျင့်စဉ်မျိုးရေးမပေးသေးဘူး"
ဟု နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
ဟန်လင်းလည်း ရယ်ကာ
"အချိန်မရသေးလို့ပါ ယွဲ့အာရယ် ယွဲ့အာ လိုချင်ရင်ရေးပေးမှာပေါ့"
"ပြီးတာပဲ"
ယုရွှမ်းယွဲ့လည်း ပြုံးကာပြောလိုက်သည်။
တကယ်တော့ သူမလည်း စနောက်နေခြင်းသာဖြစ်သည်။
သူမလည်း ရှောင်းတန်ကိုယ်စား ပျော်ရွှင်နေမိသည်သာ။

All Heaven's Sons are Surrounding my WifeWhere stories live. Discover now