(တိမ်လေး လက်ထပ်ရမှာ ငယ်ငယ်က အတူဆော့ခဲ့ရတဲ့အကိုကြီး)
Unicode
"နင် မညစ်နဲ့နော် မိခစ် ငါနိုင်တာလေ"
"ခစ်ခစ်နိုင်တာလေ ကိုကြီးတိမ်မှူးမငြင်းနဲ့"
"ဘယ်မှာ ငြင်းလို့လဲ ငါနိုင်တာ အသိသာကြီးလေ"
"အီးဟီး ကိုကြီး တိမ်မှူး ခစ်ခစ်ကို အနိုင်ကျင့်တယ်"
"ဟာ ဟဲ့ ငါဘယ်မှာ အနိုင်ကျင့်လို့လဲ"
ပြောခါမှ ပိုတိုး၍ ငိုလာသည့် မိခစ်ကြောင့် တိမ်လေးမှာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ။
"တိမ်မှူးငယ်!! နင် လာခဲ့လာ"
မေကြီး၏ အသံကြားသည်နှင့် တိမ်လေး လန့်သွားရသည်။
"ဟာ မေကြီး မိခစ်ရေ နင့်ကြောင့် ငါအရိုက်ခံရတော့မယ်"
"တိမ်မှူးငယ် နင် မိရင်မလွယ်ဘူးနော် လွတ်အောင်ပြေး!!"
"မေကြီး တိမ်လေး အနောက်မလိုက်နဲ့! မေကြီးပဲမောမှာနော်"
အနောက်က မေကြီးရဲ့ တုတ်တချောင်းနဲ့ လိုက်ရိုက်ခြင်းကြောင့်အသည်းအသန်ရှောင်ကာ ပတ်ပြေးနေရတော့သည်။
မေကြီး၏ ခြေလှမ်းများသည် အသက် ၅၀အရွယ်မလို့ အရမ်းမမြန်သော်ငြား နှေးမနေပေ။တိမ်လေး မေကြီးကိုကြည့်ကာ လမ်းမပေါ် ပြေးတတ်မိလိုက်သည်။
"အမလေး မေကြီးရေ!!!"
လမ်းအကွေ့မှာ ထွက်ပေါ်လာသည့် ကားကြောင့် တိမ်လေး မျက်လုံးစုံမှိတ်ကာ အော်ပြစ်လိုက်သည်။ သွားပြီ တိမ်လေးတော့ ကားတိုက်ခံရပြီ။
"တိမ်လေး အရှေ့မှာ ကား သားလေး!!!"
'ကျွီ!!!'
ကားဘရိတ်သံနှင့်အတူ သားအမိနှစ်ယောက်အော်သံသည်လည်း ရှေ့ဆင့်နောက်ဆင့်။ အချိန်မှီဘရိတ်အုပ်နိုင်လိုက်သောကြောင့် ကားအရှေ့တွင် လန့်ပြီးလဲကာ တံတောင်ဆစ်နှင့် ဒူးခေါင်းတော့ ပွန်းသွားလေသည်။
"တိမ်လေး သား ၊ အမလေး ရင်တုန်ပန်းတုန် ဖြစ်လိုက်ရတာ မေ့သားလေးရယ်"
"အီးဟီး မေကြီး ၊ နောက်ခါ တိမ်လေး မပြေးတော့ပါဘူး"
သားအမိနှစ်ယောက် ကားရှေ့တွင် ဖက်နေတာကြောင့် ကားထဲက လူဆင်းလာတာကို မမြင်မိကြ။
![](https://img.wattpad.com/cover/360116342-288-k195093.jpg)
YOU ARE READING
တိမ်လေးရဲ့ ကိုကို
Romanceဒီအထဲမှာ တိမ်မှူးငယ်က soft type ပါ။ မိဘတွေ ဆန္ဒကြောင့် အသက် 7 နှစ်ကွာတဲ့ ကောင်လေးကို လက်ထပ်ခဲ့ရပြီးနောက် မင်းဘုဏ်းကုဋေ + တိမ်မှူးငယ်