11

22.7K 764 15
                                    

(ပထမဆုံး အကြိမ်)

Unicode

အဲ့နေ့ကစပြီး ကုဋေ နောက်ရက်တွေ ငယ်ငယ့်ကို မသိမသာ စောင့်ကြည့်ခဲ့သည်။ အရင်လို သူ့အနားသိပ်မကပ်တော့ပဲ ကျောင်းနဲ့ ကျူရှင်မှာသာ အချိန်ကုန်လေသည်။ ကုဋေက ဘာမှမပြောပဲ ကျောင်းကိုသာ တိတ်တဆိတ်လိုက်ပို့သည်။

ညဘက် ကုမ္မဏီက မပြီးပြတ်သေးတဲ့ စရင်းတွေကြည့်နေတုန်း အနားမှာ မတ်တပ်ရပ်ကာ အင်္ကျီစကို လုံးချေနေတဲ့ကောင်လေး

"ကိုကို့ ကို ပြောစရာရှိနေလို့လား ငယ်ငယ်"

"ဟို ငယ်ငယ့်ကို ကိုကိုကျောင်းလိုက်မပို့ပဲ driver နဲ့ပဲ ပြောင်းပြီး လိုက်ပို့ပေးလို့ရမလား"

"ကိုကို ပို့တာက ဘာဖြစ်လို့လဲ"

မျက်မှန်ကို အသာချွတ်ကာ မော့ကြည့်ပြီး မေးလိုက်မိတော့ ခေါင်းကို အောက်ငုံ့ကာ ပြန်ဖြေလာလေသည်။

"ကိုကို အလုပ်ရှုပ်မှာဆိုးလို့ပါ"

"ကိုကိုက ငယ်ငယ့်အတွက်ဆို အလုပ်မရှုပ်ဘူး"

"ဒါပေမဲ့.... "

"ဆက်ပြောလေ ဒါပေမဲ့ ဘာဖြစ်လဲ"

"...."

"လာ ... ထိုင်"

တိမ်လေး လက်ကို ကုဋေဆွဲကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်ပြီး

"အကြောင်း ပြချက် ခိုင်ခိုင်လုံလုံပေးနိုင်ရင် ကိုလှဇော်ကိုပဲ ပို့ခိုင်းမယ်"

"ကိုကို အလုပ်ရှုပ်မှာကြောက်လို့ပါဆို"

"တကယ်လား"

"အွန်း"

"‌ဘရဏီဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ"

ကုဋေ့ဆီက ဘရဏီဆိုသည့် နာမည်ကြားသည်နှင့် တိမ်လေး ကျောပြင်မတ်သွားရသည်။

ဘရဏီက တိမ်လေးကို ကြိုက်နေတာ ကိုကို သိသွားပြီလား ။ ဘာပဲဖြစ်ဖြစ် တိမ်လေးက ဘရဏီကို ငြင်းခဲ့ပြီပဲဟာ ကိုကိုသိလဲ ပြဿနာမရှိလောက်ဘူး။

သို့သော် ကုဋေ့စိတ်ထဲတွင်တော့ တစ်မျိုးထင်သွားရသည်။ ငယ်ငယ်သည် အဲ့အမျိုးသမီးအကြောင်း ကြားတော့ ကိုယ်လုံးတောင့်သွားခြင်းကို ကုဋေသတိထားမိလိုက်သည်။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ရှိနေမှာ အသေအချာပင်။

တိမ်လေးရဲ့ ကိုကိုWhere stories live. Discover now