6

26.9K 896 29
                                    

(တိမ်စိုင်ရဲ့ လက်ပတ်က ကုဋေ့ဆီရောက်နေတယ်)

Unicode

"ငယ်ငယ်ရေ အကုန် ပြင်ပြီးရင်သွားကြမယ်"

"လာပြီ ကိုကို"

ငယ်ငယ့် ကို ခေါ်ပြီးသည်နှင့် ငယ်ငယ်တတ်ရမည့် တက္ကသိုလ်သို့ ကားလေးသည် တရွေ့ရွေ့မောင်းလာလေသည်။

လမ်းတွင်..

"ငယ်ငယ် နားမလည်တာတွေ အိမ်မှာပဲ Guide ခေါ်သင်မလား"

"ဟင့်အင်း ၊ ငယ်ငယ် လူအများကြီးနဲ့ တတ်ချင်တယ် ကိုကို"

"အဲတာဆို ကိုကို့ အသိက ကျူရှင်ဖွင့်ထားတယ်လေ ၊ အဲမှာ အပ်ပေးမယ်"

"ဟုတ်"

ကျောင်းအပေါက်ဝ ရောက်သည်နှင့် ကားရပ်ကာ ငယ်ငယ် ဆင်းသွားသည်ကို ကြည့်နေမိသည်။ ညနေကျ လာကြိုမယ်လို့ ပြောဖို့လည်း မမေ့ခဲ့။ ကလေးတွေ ကျောင်းစတတ်သလို ကျောင်းထဲသို့ ပြေးဝင်သွားသည်မှာ ကုဋေ့ကိုတောင် တစ်ချက်မှလှည့်မကြည့်တော့။

ကျောင်းကနေအပြန် ကုမ္ပဏီသို့သာ မောင်းလာပြီး အရင်နေ့တွေက အကြွေးတင်နေသည့် စာရင်းတွေ အပြတ်ဖြတ်နေရသည်။

'ဒေါက်...ဒေါက်'

"ဝင်ခဲ့"

"ကော်ဖီ လာပို့တာပါ ဘောစ့်"

"ဇင်မာ ကိုယ် မန္တလေးရောက်နေတုန်းက စာရင်းတွေအကုန် ကိုယ့်ကို လာပေးပါ ၊ နောက်ပြီး တစ်ခါတည်း အဲထဲက ငွေပမာဏတွေပါ ပေါင်းလိုက်"

"ဟုတ် ၊ ဇင်မာ အခုပဲ လုပ်လိုက်ပါ့မယ်"

လက်တော့ပ် ကိုသာ ကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ စာရင်းတွေ မြန်မြန်ပြီးမှ ငယ်ငယ့်ကို စောစောသွားကြိုလို့ရမှာဖြစ်သည်။ ကုဋေ ကြိုတာနောက်ကျလို့ စိတ်ကောက်သွားရင် ငဂျစ်လေးကို သူမချော့နိုင်ပါ။
____________________________

"ကျောင်းသားသစ်လား"

တိမ်လေး အတန်းထဲဝင်ပြီး ငြိမ်ငြိမ်လေးထိုင်နေတုန်း စကားလာပြောသည့် ကောင်လေးကြောင့်

"ဟုတ်တယ်ဗျ"

"နာမည်က ဘယ်လိုခေါ်လဲ ၊ ကျွန်တော့် နာမည် ရောင်နီ"

တိမ်လေးရဲ့ ကိုကို Where stories live. Discover now