12

22.5K 711 26
                                    

အရင်ဆုံးပြောချင်တာကတော့ Cover လေး လက်ဆောင်ဆွဲပေးခဲ့တဲ့ ညီမလေး Shinn-0813 ကိုကျေးဇူးတင်ပါတယ်ဗျ။

( Obsessive Love Disorder )

Unicode

နေ့လယ် ၁၁ နာရီထိုးတဲ့အထိ ကုဋေနှင့်တိမ်လေး အောက်ထပ်ကို ဆင်းမလာတာကြောင့် ကြီးမေမှာ စိတ်ပူနေရသည်။ ညက ကုဋေမူးပြီး ပြန်လာတဲ့ အထိ သူသိသော်လည်း ဒီမနက် သူအစောကြီး နိုးနေတာတောင် ကလေး နှစ်ယောက်က အောက်ထပ်ကို ဆင်းလာခြင်းမရှိခဲ့ပေ။

"မိအေးနဲ့မိလုံး လာဦး"

"ဟုတ်ကဲ့ ကြီးမေ" ×2

"သိမ်းစရာရှိတာ မြန်မြန်သိမ်းကြ ၊ ပြီးရင် ငါနဲ့အတူ အပေါ်ထပ်က ကုဋေလေးတို့အခန်းကို လိုက်ခဲ့"

မိအေးတို့ နှစ်ယောက် ခေါင်းတစ်ချက်ငြိမ့်ဟာ သိမ်းစရာရှိတာသိမ်း လှဲစရာရှိတာ မြန်မြန်လှဲပြီး ကြီးမေနှင့်အတူ အပေါ်ထပ်က သူဠေးတို့ အခန်းကို တတ်လာခဲ့ကြသည်။

အခန်းတံခါးသည် အထဲကနေ သော့ခတ်ထားသည်မလို့ အပြင်ကဖွင့်မရပေ။

"မိလုံးသွား ငါ့အခန်းရဲ့ နံရံမှာ ချိတ်ထားတဲ့ သော့တွဲသွားယူခဲ့"

"ဟုတ်ကဲ့ ကြီးမေ"

အခန်းတံခါး ပိတ်ပြီးတောင် ဘာလုပ်နေကြတာလဲ။ ချစ်ရည်လူးကြတယ်ဆိုရင်တောင် အပြင်တော့ ခဏ ထွက်လာဦးမှာပင်။ တံခါးခေါက်ကြည့်သော်လည်း အထဲက ဖွင့်မလာခဲ့ပေ။ ပုံမှန် ကုဋေ့ရဲ့ အကျင့်က ဒီလိုမဟုတ်တာကြောင့် ကြီးမေမှာ အတော်စိတ်ပူနေရသည်။ ကုဋေ့မိဘတွေမှ အိမ်သော့ ပေးခဲ့တာကိုပင် ကျေးဇူးတင်ရမည်။

"ရပြီ ကြီးမေ"

"ပေးပါအေ မြန်မြန်"

မိလုံး လက်ထဲက သော့ကို အမြန်ဆွဲယူပြီး တံခါးဖွင့်လိုက်တော့ တစ်ခန်းလုံးမှောင်မည်းနေလေသည်။

"ညည်းတို့ နှစ်ယောက် အပြင်မှာ နေခဲ့ကြားလား"

အပြင်မှာ ကောင်မလေးနှစ်ယောက်ကို ထားခဲ့ကာ ကြီးမေသာ အခန်းထဲ ဝင်လာလိုက်သည်။ အိမ်ကြီးရှင်တွေရဲ့ ကိစ္စမလို့ အခြားလူသာ သိရင် ကုဋေက ကြိုက်မည်မဟုတ်ပေ။

တိမ်လေးရဲ့ ကိုကိုWhere stories live. Discover now