9

24.6K 838 27
                                    

(ကော်ဖီပူပူ)

Unicode

ငယ်ငယ်နိုးလာတော့ မွေ့ယာတစ်ခုပေါ်တွင်ဖြစ်သည်။

"ကိုကို ဒီမွေ့ယာကြီးက ဘယ်လို ရောက်နေတာလဲ"

အလုပ် လုပ်နေတဲ့ ကိုကို့ ကို မွေ့ယာပေါ်ကနေ လှမ်းမေးမိသည်။

"အဲမွေ့ယာက အိမ်က စတိုခန်းထဲ ရှိနေတာ ကြာပြီမလို့ ကုမ္မဏီကိုယူလာလိုက်တာ"

"မွေ့ယာကြီးကို တကူးတက"

"ဘာပဲဖြစ်ဖြစ် ငယ်ငယ် အိပ်ရေးဝတယ်မလား"

"ဟုတ်"

"ကော်ဖီ သောက်ချင်လား ငယ်ငယ်"

"ဟုတ် ကိုကို"

"ခဏနော် ၊ ဇင်မာ ခဏလာဦး"

"လာပါပြီ ဘောစ့်"

"ကော်ဖီ တစ်ခွက် ဖျော်လာပေးပါ ၊ သကြားများများနဲ့"

"ဟုတ်"

ကိုကို့ အတွင်းရေးမှူးက တိမ်လေးကို မကြည်သလိုနှင့်။

"ကိုကို toilet ခဏ သွားဦးမယ် ၊ ငယ်ငယ် လိုက်ချင်လား"

"ဟင့်အင်း.... မလိုက်တော့ဘူး ကိုကို"

"ခဏပဲ ကိုကိုပြန်လာမယ်နော် ၊ ကော်ဖီသောက်ပြီး စောင့်နေ"

"ဟုတ်ကဲ့ ကိုကို"

ကိုကို ထွက်သွားပြီး သိပ်မကြာ ကိုကို့အတွင်းရေးမှူးသည် ကော်ဖီယူလာလေသည်။

"ဟမ့်"

တိမ်လေး အရှေ့ရောက်မှ ချက်ခြင်း နှာခေါင်းရှုံ့ လိုက်တာကြောင့် တိမ်လေးမှာ ကြောင်သွားရသည်။ တိမ်လေး အမှား လုပ်မိလို့လား။

ကော်ဖီခွက်ကို လက်မှမချပဲ တိမ်လေးအရှေ့ မတ်တပ် လာရပ်ကာ

"ကိုကုဋေရော"

"ကိုကို toilet သွားတယ်ဗျ"

"မင်းက အခုအရွယ်ထိ အလုပ်မရှိသေးဘူးပေါ့နော်"

"ဗျာ"

"အဟင်း.... တို့လို့ မိန်းကလေးတောင်အလုပ်ရှိတယ် ၊ တို့ မင်းအရွယ်တုန်းက ဝင်ငွေ အများကြီးရှာနိုင်နေပြီ"

တိမ်လေး အစက သည်းခံနေပေမဲ့ စကားတွေကြားပြီးနောက် အရင်ထဲက ခပ်စွာစွာစိတ်ကလေး က ပြန်ပေါ်လာလေသည်။

တိမ်လေးရဲ့ ကိုကို Where stories live. Discover now