(သူငယ်ချင်း ကောင်မလေး)
Unicode
ငယ်ငယ် ဒီနေ့ အတန်းလည်းမရှိ ၊ ကျူရှင်လည်းမသွားရတာကြောင့် ကိုကို့ ကုမ္ပဏီကိုလိုက်ကာ ထမင်းသွားပို့ဖို့အတွက် မီးဖိုချောင်ထဲက ကြီးမေအနားကပ်၍ ထမင်းဗူး ထည့်ပေးရန် ပူဆာနေမိသည်။
"ငယ်ငယ် ကြီးမေအနား ဘာတွေ ကပ်ချွဲနေတာလဲ"
"ကိုကို့ဆီ နေ့လယ်စာ လာပို့ပေးမလို့ ပူဆာနေတာ"
"အပြင်မှာ ဝယ်စားရင် ရပါတယ် ၊ အိမ်မှာနေနော်"
"ငယ်ငယ် လိုက်ပို့ချင်လို့လေ"
"ကဲကဲ လိုက်ပို့ဗျာ၊ ကိုကို ကားသော့ထားခဲ့မယ် ကိုလှဇော် ကိုလိုက်ပို့ခိုင်းနော်"
"ဟုတ်ကိုကို"
မေကြီးသည် ငယ်ငယ့်အတွက် ကားတစ်စီး လက်ဖွဲ့လိုက်လေသည်။ ကိုကိုက ငယ်ငယ့်ကိုစိတ်မချတာကြောင့် သော့သိမ်းထားသည်မှာ အခုမှ ထုတ်ပေးလေသည်။ တစ်ခါတစ်လေမှ ရသည့် အခွင့်အရေးမလို့ ကိုလှဇော်ကို လိုက်မပို့ ခိုင်းပဲ ငယ်ငယ် ကိုယ်တိုင်သာ ကားမောင်းသွားရန် စိတ်ကူးလိုက်သည်။
အတွေးတို့နှင့်အတူ သီချင်းလေး တငြီးငြီးဖြင့် ကြီးမေကို ကူလုပ်ပေးနေမိသည်။
"သား တိမ်လေး"
"ဗျာ ကြီးမေ"
"ကုဋေလေးက သားအပေါ် ကောင်းရဲ့လား"
"ဟုတ် ကောင်းတယ်ဗျ"
"သား ကုဋေက အရင်ကဆို အိမ်ပြန်လာတဲ့ရက်ရှားတယ် ၊ မနက်စာဆို ဘယ်ဆီနေမှန်းတောင်မသိဘူး ၊ စကားလည်း သိပ်မပြောဘူး ၊ သားလေးနဲ့မှ ပြောတာ"
"ဟီးဟီး ဟုတ်"
"ကုဋေလေးနဲ့ နေရတာ ပျော်လား တိမ်လေး"
"ပျော်ပါတယ် ကြီးမေ"
"ကိုယ့်ယောကျာ်းက ပင်ပန်းလာရင် သားက အလိုက်တသိနဲ့ နေတတ်ရမယ်နော်"
"ဟုတ်"
ကြီးမေစကားကြောင့် တိမ်လေး နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားရသည်။ သူကအမြဲတမ်း ကိုကို့ အပေါ် ဂျီကျမိနေပြီလား ၊ ကိုကိုက သူ့ကိုဆို စိတ်ရှည်လို့ သူက ဆိုးမိရုံပါ ၊ ကိုကိုက သည်းခံပေမဲ့ အခြားလူတွေ အမြင်မှာ တိမ်လေးက အရှုပ်အထုတ်ဖြစ်နေပြီလား။ ကိုကိုလည်း တိမ်လေးကို အရှုပ်လို့ ထင်နေမလားမသိဘူး။

YOU ARE READING
တိမ်လေးရဲ့ ကိုကို
Romanceဒီအထဲမှာ တိမ်မှူးငယ်က soft type ပါ။ မိဘတွေ ဆန္ဒကြောင့် အသက် 7 နှစ်ကွာတဲ့ ကောင်လေးကို လက်ထပ်ခဲ့ရပြီးနောက် မင်းဘုဏ်းကုဋေ + တိမ်မှူးငယ်