( တိမ်လေးကို ကျူရှင်က ထုတ်လိုက်ပြီတဲ့ )
Unicode
တိမ်လေးနိုးလာတော့ ညနေအချိန် ဖြစ်သည်။ အခန်းထဲရှိုက်သံ သဲ့သဲ့ကြားရတာကြောင့် တစ်ချက်ကြည့်လိုက်တော့ တိမ်လေးလက်ကို ကိုင်ကာ ငိုနေသည့် ကိုကို့ ကို တွေ့ရသည်။
ကိုကိုက ဘာလို့ ငိုနေတာလဲ။
တိမ်လေး မေးချင်ပေမဲ့ လည်ချောင်းကနာနေတာကြောင့် ရေသာ အရင်ဆုံးတောင်းလိုက်ရသည်။
"ရေ..."
ကုဋေ ငိုနေရင်း အသံကြားတာကြောင့် မော့ကြည့်တော့ သတိရနေသည့် ငယ်ငယ့်ကို တွေ့လိုက်ရသည်။ ရေတစ်ခွက်ကို အမြန်ထည့်ပေးကာ ငယ်ငယ့်ကို ပွေ့၍ ပါးစပ်နားတေ့ပေးလိုက်သည်။
"ငယ်ငယ် သက်သာလား ၊ ဘယ်နား နာနေသေးလဲ ကိုကို့ ကိုပြော"
"ဟင့်အင်း"
ရေခွက်ကို စားပွဲပေါ်ချကာ ကုတင်ပေါ်က ငယ်ငယ့်ဘေးပြန်လာ၍ ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားမိလိုက်သည်။
"ကိုကို တောင်းပန်တယ်နော် ၊ နောက် ငယ်ငယ်မကြိုက်ရင် မလုပ်တော့ပါဘူး ၊ ကိုကို မှားပါတယ်"
"ကိုကို မမှားပါဘူး ၊ ဒါပေမဲ့ ငယ်ငယ်ဝမ်းနည်းတယ် သိလား....ဟင့်"
မျက်ရည် ကျလာတဲ့ ကောင်လေးကို အသာအယာ ရင်ခွင်ထဲက ထုတ်ကာ မျက်ရည်တွေသုတ်ပေးမိသည်။
"မငိုနဲ့တော့နော် ၊ နောက်နောင် ဘယ်တော့မှ ဒီလိုမလုပ်တော့ဘူးလို့ ကိုကို ကတိပေးတယ်"
"အဟင့်....ကိုကို က သူများကို မုန်းနေတာမလား"
"ကိုကိုက ဘာလို့ ငယ်ငယ့်ကို မုန်းရမှာလဲကွာ"
"ကိုကို မုန်းလို့ အဲ့လို လုပ်တာ"
"ငယ်ငယ်ရာ ၊ ကိုကိုသာ မုန်းရင် ငယ်ငယ့်ကို ထိပါ့မလား ၊ ဘယ်ကောင်က မုန်းတဲ့လူနဲ့အတူအိပ်လို့လဲ ပြောပါဦး"
"ဒါပေမဲ့ တိမ်စိုင်နဲ့ ကိုကို ကို ငယ်ငယ်က ခွဲမိတာလေ"
"အခုမှနေကောင်းခါစကိုကွာ အဲ့လိုတွေမတွေး...."
"မင်းဘုဏ်းကုဋေ!! ခင်ဗျားကြီး စကားကို ... အဟွတ်..."
"ဖြေးဖြေး ၊ ချောင်းတွေဆိုးကုန်ပြီ"

YOU ARE READING
တိမ်လေးရဲ့ ကိုကို
Romanceဒီအထဲမှာ တိမ်မှူးငယ်က soft type ပါ။ မိဘတွေ ဆန္ဒကြောင့် အသက် 7 နှစ်ကွာတဲ့ ကောင်လေးကို လက်ထပ်ခဲ့ရပြီးနောက် မင်းဘုဏ်းကုဋေ + တိမ်မှူးငယ်