18

22.9K 664 17
                                    


(ကိုကို စိတ်ကောက်တာ ချစ်စရာကြီး)

Unicode

တိမ်လေးကိုဘာမှမပြောတော့ပဲ ထမင်းကိုသား ငုံ့စားနေတဲ့ ကိုကို့ကြောင့် တိမ်လေးမနေတတ်တော့ပေ။

လူကသာ စိတ်ဆိုးနေပေမဲ့ တိမ်လေးကိုတော့ ဟင်းထည့်ပေးတာမပြတ်ခဲ့။

"ကိုကို!"

"အင်း"

"ဟာ ဘာအင်းလဲ"

"ထမင်းစားငယ်ငယ် ၊ စကားမများနဲ့"

"ဟွန့်"

တိမ်လေးကိုဘာမှမပြောတော့ပဲ ခဏအကြာ တိမ်လေးစားတဲ့ပန်းကန်တွေပါ အကုန်သိမ်းပြီး ဆိုင်အပြင်ကို ဖုန်းသွားပြောလေသည်။

ဖုန်းပြောပြီး ဆိုင်ထဲဝင်လာတော့

"စာပြပေးမယ်"

"မကြည့်ဘူး"

"ဘာလို့မကြည့်ရတာလဲ"

"ဗိုက်အင့်တယ် မကြည့်ချင်ဘူး"

ရုပ်တည်ကြီးနဲ့ ဘာမှမပြောပဲ တိမ်လေးကို လာပွေ့လေသည်။

"အမေ့!!"

"ကိုယ့်ကို ဖက်ထား"

"ဟုတ် ၊ ဟို ကိုကို ဘယ်သွားနေတာလဲ ဟင်"

ဆိုင်အနောက်ဖက်ထဲက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တိမ်လေးကိုချပေးလေသည်။

"ဘယ်မလဲ ငယ်ငယ့် စာအုပ်တွေ"

"ဟို စားပွဲပေါ်မှာ"

"အင်း"

တစ်ယောက်တည်း စားပွဲပေါ်က စာအုပ်တွေ သွားယူကာ ကြည့်နေလေသည်။

"လာ ကိုကို့ ပေါင်ပေါ် ခေါင်းအုံး"

"ဟုတ် ကိုကို"

တိမ်လေး ကိုကို့ ပေါင်ပေါ်ခေါင်းအုံးရင်း

"ကိုကို စိတ်ဆိုးနေလားဟင်"

"ငယ်ငယ်က ဘယ်လိုထင်လဲ"

"စိတ်ဆိုးနေတယ်လို့ထင်တယ်"

တိမ်လေးပြောလိုက်တော့ စာအုပ်ကို ဘေးကိုချကာ တိမ်လေးကို ငုံ့ကြည့်၍ နဖူးပေါ်က ဆံပင်တွေကို သပ်တင်းပေးရင်း

"သဝန်တိုနေတာ ၊ ကိုကို သဝန်တိုနေတာ သိရဲ့လား ငတုံးလေးရဲ့"

"ငယ်ငယ့်ကို သူတို့က စကားလာပြောတာနဲ့ ငယ်ငယ်ရှောင်မရ......"

တိမ်လေးရဲ့ ကိုကို Where stories live. Discover now