part 1

744 31 2
                                    

''ဖေကြီးရယ်ကျုပ်တော့သားငယ်လေးကိုသတိရနေတယ်ဒီနေ့မှထူးထူးခြားခြား သားငယ်နဲ့စကားမပြောရတာလည်းကြာပြီနော်''

''ဟုတ်တယ် မြို့မှာကျောင်းတက်ရတာအဆင်ကောပြေရဲ့လားသားငယ်က
အနေအေးတဲ့သူမို့တော်ရုံအဆင်မပြေမှုတွေကိုဖွင့်ပြောမှာမဟုတ်ဘူးမေကြီးရဲ့"

သားကိုသတိရတမ်းတနေသည်သျှံရဲ့မိဘများဖြစ်သည့်ဒေါ်ခင်မေနှင့်ဦးအောင်မောင်း

ထိုအချိန်မှာအမောတကြီးဝင်ရောက်လာတဲ့တပည့်ဖြစ်သူကျော်ကြီး

''ဆရာ ဆရာ ဟောဟဲဟောဟဲ"

''ဟေ့ကောင်ပြောစမ်းဘာဖြစ်လာတာလဲအမောတကောနဲ့''

''တောင် တောင်ပိုင်းက ဦးသျှင်မင်းတပည့်တွေနဲ့ကျုပ်တို့ဘက်ကလူတွေပြသနာတက်နေကြတယ်''

''ဘာကွ ဒီကောင်ကငါ့လူတွေကိုထိတယ်ပေါ့ သွားမယ် အောင်မောင်းအကြောင်းသိစေရမယ်"

ဒေါသဖြင့်ထွက်သွားသည့်ခင်ပွန်းဖြစ်သူကိုကြည့်ကာဒေါ်ခင်မေခေါင်းရမ်းမိ၏

"ဟင်းးးးဒေါသအပူမီးတွေဘယ်တော့များမှငြိမ်းတော့မှာလဲကွယ် "

​ေဒါ်ခင်မေတယောက်အပူမီးကိုသာတွေးရင်းသက်ပြင်းမောကိုသာချလိုက်မိ၏
ခင်ပွန်းဖြစ်သူနဲ့ဦးသျှင်မင်းဟာကမ္ဘာ့ရန်ဘက် သူတို့မိဘတွေလက်ထပ်ကတည်းကရန်းငြိုးဟာခင်ပွန်းသည်တိူ့ခုလက်ထက်ထိတိုင်တည်မြဲနေဆဲ

''ဟေ့ကောင်သျှင်မင်း မင်းလူပါးဝလှချည်လား မင်းကများငါ့လူတွေကိုထိခိုက်အောင်လုပ်တယ်ပေါ့"

''လုပ်တယ်လေ မင်းလူတွေကငါတို့ဘက်ကစည်းကိုကျော်လာတာပဲ မင်းတို့လူတွေကျော်လာလိူ့ငါတို့ကဆော်တာ ဘာဖြစ်လဲ"

''ဒီတခါကိစ္စမှတ်ထား မင်းတို့တောင်ပိုင်းသားတွေငါတိူ့ဘက်မကျော်မိစေနဲ့အရိုးတခြားအသားတခြားဖြစ်သွားမယ်"

''ဟားးးးးး"

''သွားမယ် မင်းတို့လည်းမှတ်ထားဘယ်တော့မှသူတိူ့အပိုင်းသားတွေနဲ့မပတ်သက်မိစေနဲ့ပတ်သက်သူမှန်သမျှသတ်ပစ်မယ် ကြားလား"

မြတ်နိုးရပါသော...Where stories live. Discover now