part 8

853 42 14
                                    

ဒီနေ့ ဒီနေ့ဟာ သျှံနဲ့ကိုစောခွန်နောက်ရဲ့စေ့စပ်ပွဲနေ့ သျှံနှလုံးသားကွဲကြေတဲ့နေ့ ဖေဖေရဲ့တချက်လွှတ်အမိန့်အောက်မှာသျှံဟာလှုပ်၍ပင်မရ ပြီးတော့ သျှံသာလက်မခံရင်မောင့်ကိုသတ်ပစ်မယ်တဲ့ ဟင့်အင်း မောင့်ကိုတော့ဘာတခုမှအထိခိုက်မခံနိုင်ဘူး ဒါကြောင့် သျှံမျက်စိမှိတ်၍သာလက်ခံလိုက်ရ၏

''သျှံ မင်းမျက်နှာကိုပြင်စမ်း"

မေမေ့ရဲ့အပြောကြောင့်သျှံမျက်ဝန်းမှာဝေ့သီလာမျက်ရည်တို့ကိုမျက်တောင်တို့ဖြင့်ပုတ်ခတ်ကာသိမ်းလိုက်ပြီးဟန်ဆောင်အပြုံးတို့မျက်နှာမှာဆင်မြန်းလိုက်ရ၏ သျှံရှေ့မှာရှိနေတဲ့ကိုစောခွန်နောင်ကတော့အပြုံးများဝေဆာနေ၏ သူပျော်နေတာပေါ့ အင်းဟုတ်မှာပါ သူကသျှံကိုချစ်နေသူကိုး

သဲပိုင်ကတော့သျှံ့ကိုကြည့်ကာစိတ်မကောင်းဖြစ်ရ၏မဏ္ဏိရယ်နင်သျှံကိုလက်လွှတ်လိူ့မရဘူးနော် ငါ့သူငယ်ချင်းလေးကနင့်ကိုသိပ်ချစ်တာ

ဒီလိုနဲ့စေ့စပ်ပွဲလေးကလည်းအောင်မြင်စွာပြီးမြောက်သွားပီ မင်္ဂလာရက်ကိုလည်းရွေးချယ်ပြီးပြီ အဲနေ့မတိုင်ခင်မောင်သျှံကိုလာခေါ်ပါမောင်ရယ် သျှံ သျှံမျှော်နေမယ်နော်

''သျှံ"

''အော် ကိုစောခွန်နောင် "

''သျှံမပျော်ဘူးလားဟင်ကိုယ်နဲ့စေ့စပ်ရတာ ကိုယ်ကတော့အရမ်းပျော်တယ် "

''ဟက် သျှံကဘာကြောင့်ပျော်ရမလဲဟင် သျှံချစ်တဲ့သူနဲ့စေ့စပ်ရတာမှမဟုတ်တာ ဘယ်လိုပျော်ရမှာလဲ"

''...''

''ကိုစောခွန်နောင်ကိုမချစ်တဲ့သျှံနဲ့လက်ထပ်ရင်ပျော်မှာလားကိုစောခွန်နောင်"

''ပျော်တယ်သျှံ ကိုယ့်ကိုယ်မချစ်ပေမဲ့ ကိုယ်ချစ်တဲ့သူက​ပြိုင်ဆိုင်လိုက်ရတဲ့အတွက်ကိုယ်ပျော်မှာပါ"

''ဟုတ်ပါပီ သျှံကတော့ကိုစောခွန်နောင်ကိုမချစ်ဘူး သျှံရဲ့ဘဝမှာမဏ္ဏိတယောက်ထဲကသာခုရောနောင်ရောချစ်နေမှာ သျှံသွားလိုက်ပါအုံးမယ်"

ပြောချင်ရာပြောပြီးထွက်သွားတဲ့သျှံကိုကြာ့်ကာစောခွန်နောင်ရင်နာရ၏တခါမှမချစ်ဖူးတဲ့ကိုယ်ဟာချစ်မိသွားတဲ့သူဟာလည်းချစ်ရမဲ့သူရှိနေပြန်တယ် ဒါပေမဲ့လည်းသူ့ကိုမချစ်ပေမဲ့ကိုယ်ချစ်ရသူကိုပိုင်ဆိုင်ရရင်ပဲကျေနပ်ပါပီသျှံရယ်

You've reached the end of published parts.

⏰ Last updated: Mar 13 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးရပါသော...Where stories live. Discover now