part 2

398 33 2
                                    

''ငတိုးရေ ငတိုး "

''ဘာတုန်းဟ"

''အဆင်သင့်ဖြစ်ပြီလားသွားရအောင်လေ"

''ဟျောင့် တကယ်ကြီးသွားမိူ့လား"

''ဟ တကယ်ပေါ့ကွ မင်းနှယ် လိုက်မှာလား မလိုက်ဘူးလား မလိုက်ရင်ငါ့ဘာသာတစ်ယောက်တည်းသွားမယ်"

''အမလေး မောင်မင်းကြီးသားရယ် လိုက်ပါ့မယ် ေသချာအောင်မေးတာပါကွ"

''ပြီးကောသွားမယ် ပွဲစနေလောက်ပီ "

''အေးပါဟ သွားမယ် သွားမယ် "

ဒီလိုနဲ့မြောက်ကိုင်းသို့မဏ္ဏိတို့သူငယ်ချင်းနှစ်ယောက်ခိုးကြောင်ခိုးဝှက်ဖြင့်ထွက်ခဲ့လေသည်

တစ်ဖက်မှာလည်းလျှံပြန်ရောက်တဲ့အထိမ်းမှတ်ပွဲလေးဟာစည်ကားသိုက်မြိုက်နေပြန်တယ်
''ဟယ် လျှံလေး ချစ်စရာလေးကွယ်"

''ကြီးကြီးကလည်းအရမ်းမမြှောက်ပါနဲ့လျှံတကယ်မနေတတ်တော့ဘူး"

''တကယ်ပြောတာလျှံလေးရဲ့တကယ်ချစ်စရာလေး ဒါကိုပြောတာမိုးကျရွှေကိုယ်လေးဆိုတာ"

''ဟာ ဒါကတော့အရမ်းများသွားပီကြီးကြီရေ"

''နည်းနေသေးတာလျှံလေးရဲ့ ငယ်ငယ်ထဲကရွှေဘုံပေါ်စံရွှေပုခက်နဲ့ကြီးပြင်းလာတဲ့စော်ဘွားလေးလျှံလေးအတွက်ဘာကိုများရတာတုန်း"

''ဟားးး ဟုတ်ပါပီ ကြီးကြီးကိုတကယ်မနိုင်တော့ဘူး"

''သားရေ မထွက်လာသေးဘူးလား အပြင်မှာလူတွေစုံနေပြီ"

''ဟုတ်မေမေ လာပြီ ကြီးကြီးသွားမယ်ခေါ်နေပြီမေမေ"

လျှံအိမ်အောက်ကိုကြည့်လိုက်တော့ပွဲခင်းထဲမှာလူတွေအများကြီးဘဲ လျှံကလူအများကြီးနဲ့နေရတာကိုသဘောမကျပေမွန်းကျပ်တယ်စိတ်ရှုပ်တယ်ခုဒီပွဲတောင်ဖေဖေ့ရဲ့စကားကိုမလွန်ဆန်နိုင်၍သာပြုလုပ်ခြင်း

အောက်ကိုရောက်တော့မေမေက

''လာ သား"

''စော်ဘွားကြီး ဒါကျုပ်သားလျှံတဲ့"

''တယ်ချောတဲ့ကလေးပါလား"

''ဟုတ်ပါ့ဗျာ ဖအေတူလိူ့လေ ဟားးးး"

မြတ်နိုးရပါသော...Where stories live. Discover now