part 7

372 30 1
                                    

''သားသျှံလေး"

''ဟင့် ကြီးမေ"

''ဘယ်လိုဖြစ်ရတာလဲသျှံလေးရယ် ကြီးမေရွာခနပြန်တုန်တွေလိုတွေဖြစ်သွားရတာလဲ"

''သျှံ သျှံ ဟင့်"

''မငိုနဲ့နော် တိတ် တိတ် ''

''လျှံမောင့်ကိုချစ်တယ်ကြီးမေ"

''ဟင်းးးမဖြစ်နိုင်တဲ့အချစ်ကိုရှေ့ဆက်မတိုးတယအကောင်းဆုံးပါသျှံလေးရယ်"

''ဟင့်အင်း ဟင့်အင်း သျှံမောင့်ကိုချစ်တယ်ကြီးမေ သျှံမောင်နဲ့မခွဲနိုင်ဘူး"

''ခက်တော့တာပဲသျှံလေးရယ်"

ဒေါ်ကြည်ရင်ခွင်ထဲဝင်ကာငိုနေတဲ့သျှံလေးကိုကျောလေးပုတ်ကာနှစ်သိမ့်ပေးနေမိ၏ တကယ်တော့ဒေါ်ကြည်ဒီကလေးကိုဘယ်လိုနှစ်သိမ့်ရမယ်မှန်းမသိပေ သနားစရာသျှံလေး စချစ်မိတဲ့လူကယောကျ်ားလေးတယောက်ဖြစ်သလို အိမ်တော်ရဲ့ရန်ဘက်ဖြစ်သူရဲ့သား ဘယ်လောက်တောင်နာကျင်လိုက်မလဲသားရယ်

''သျှံ အပြင်ထွက်ခဲ့ပြောစရာရှိတယ်"

သျှံအပြင်ထွက်တော့မေမေရယ်ဖေဖေရယ်ထိုင်နေ၏

''ပြောစရာရှိတယ်သျှံ မင်းနဲ့စောခွန်နောင်ကိုငါတို့စေ့စပ်ပေးမယ် မင်းကောင်ကိုမေ့လိုက် ''

''မဖြစ်နိုင်တာ သျှံကိုစောခွန်နောင်ကိုလက်မထပ်နိုင်ဘူးစေ့လည်းမစေ့စပ်နိုင်ဘူး"

''ငါစကားကိုနှစ်ခါပြန်မပြောဘူးသျှံ"

''သား မောင့်ကိုပဲချစ်တာ မောင့်ကိုပဲလက်ထပ်မှာ''

''သျှံ မင်းအပစ်လုပ်ထားတာနော် ဒါကိုမင်းကမင်းအဖေကိုပြန်ပြောနေတာလား"

''သားမှကိုစောခွန်နောင်ကိုလက်မထပ်ချင်တာမေမေ"

''မင်းကငါတို့မွေးထားတဲ့သားငါတို့ပိုင်တယ် ဒါကြောင့်ငါ့တို့စကားနာခံရမယ် "

''ဖေဖေတို့အတ္တကြီးတာ သားကအရုပ်ကလေးမဟုတ်ဘူး"

''ဒေါ်ကြည် သျှံကိုခေါ်သွား ဒီမှာသျှံမင်းမှာငြင်းပိုင်ခွင့်လုံးဝရှိမနေဘူးဆိုတာမင်းသိထား မဟုတ်ရင်မင်းငါတို့အဆိုးမဆိုနဲ့"

မြတ်နိုးရပါသော...Where stories live. Discover now