part 6

565 32 5
                                    

အချိန်ကြာလာတာနဲ့အမျှမဏ္ဏိနဲ့သျှံတို့ရဲ့အချစ်တွေဟာပို၍ပို၍သာတို့လာလေတယ် မကြာခဏလည်းခိုးတွေ့ကြသလိုရိုးသွားတယ်ဆိုတာမရှိပဲအမြဲတမ်းသာတွေ့ချင်နေကြ၏

''သဲပိုင်"

''innပြောလေသျှံ"

''ငါနင့်ကိုပြောစရာတခုရှိတယ်"

''နင်ငါ့ကိုဘာတွေလျို့ဝှက်ထားတာလဲနင့်ပုံကြည့်ရတာတမျိုးပဲ"

''ငါ ငါ"

''ပြောလေသျှံ နင်နဲ့ငါကသူငယ်ချင်းအရင်းကြီးပါ"

သျှံ သဲပိုင်နားလေးနားကပ်ကာတိုးတိူးလေးပြောလိုက်တော့သဲပိုင်တယောက်ထိတ်လန့်တဲ့အမူယာဖြစ်သွားတယ်

''သျှံ နင် နင်မိုက်လှချည်လား"

''ဟင့် ငါ ငါဘယ်လိုလုပ်ရမလဲဟင်"

''သျှံရယ် သူကနင့်ကိုခုလိုမျိုးလုပ်ခဲ့တာသူ့အဖေကြောင့်ဖြစ်နေရင်ကော"

''ဟင့်အင်း မဖြစ်နိုင်ပါဘူး မောင်ကငါ့ကိုသိပ်ချစ်တာ"

''ဟင်းးးးသျှံရယ် နင့်အဖေသိရင်သတ်လိမ့်မယ် မိုက်လုံးကြီးလိုက်တာဟယ်"

''ငါမောင့်ကိုချစ်တယ် မောင်လည်းငါ့ကိုချစ်တယ်"

''အေးပါဟယ် "

သဲပိုင်ဒီတိုင်းနေလို့မရတော့ပေ သူ့သူငယ်ချင်းလေးကိုမဏ္ဏိကအပျော်ကြံတာလားအတည်လားဆိုတာသဲပိုင်တိုက်ရိုက်မေးမှဖြစ်တော့မည် ဒါကြောင့်မဏ္ဏိကိုချိန်းလိုက်ကာ

''မဏ္ဏိသျှင်"

''ပြောလေသဲပိုင်"

''နင်ငါ့သူငယ်ချင်းနဲ့မှားယွင်းခဲ့တယ်ဆို"

''မဟုတ်ဘူး မှားခဲ့တာမဟုတ်ဘူးတမင်အရယူခဲ့တာ"

''ဘာ"

''ဟုတ်တယ် သျှံကိုငါအရမ်းချစ်လို့ ငါအပိုင်ယူခဲ့တာ"

''နင် သျှံကိုနင့်အဖေစနက်ကြောင့်ခုလိုလုပ်တာတော့မဟုတ်ဘူးမလား"

''ကြံကြီးစည်ရာ ငါသျှံကိုတကယ်ချစ်တာ အိမ်ကလူတွေသိသွားလို့သဘောမတူရင်တောင်ငါကသျှံကိုခေါ်ပြီးအဝေးကိုထွက်ပြေးပြီးအေးချမ်းတဲ့ဘဝလေးတည်ဆောက်မယ်"

မြတ်နိုးရပါသော...Where stories live. Discover now