''အမယ် ဒီကောင်နှုတ်ခမ်းကြီးကိုင်ပြီးစပ်ဖြီးဖြီးကြီးနဲ့ ငါလာတာတောင်မသိရှာဘူး
''ဟေ့ကောင်မဏ္ဏိ"
''အမလေး လျှံနဲ့ငါနဲ့ညား"
''ဟားးးး ဘယ်ကလျှံလဲ ဟင် လျှံ လျှံဆိုမြောက်ပိုင်းကဦးအောင်မောင်းသားမလား"
''ဟီးးးးးဟုတ်တယ် လျှံကချစ်စရာလေးဟီးဟီး"
''ဟေ့ကောင် မင်းကသူ့ကိုတွေ့ခဲ့တယ်ပေါ့ "
''အင်း တွေ့ခဲ့တယ် တွေ့ခဲ့တာတင်ဘယ်ကမလဲသူ့နှုတ်ခမ်းလေးကိုနမ်းပါနမ်းခဲ့တာ"
''ဘာ ဟေ့ကောင် မင်း မင်းကယောကျ်ားချင်းကြိုက်တာလား"
''ဟင့်အင်း ငါကသူ့ကိုပဲချစ်တာ သူမို့ချစ်တာ"
''မဖြစ်နိုင်တာ တစ်ခါလေးတွေ့ရုံနဲ့ မဟုတ်သေးပါဘူး မင်းစိတ်ကစားတာနေမှာပါ''
''မဟုတ်ဘူး ငါမြို့မှာကျောင်းတက်ခဲ့တဲ့သူပါ အဲမှာအချောအလှတွေအများကြီး ငါတယောက်ကိုမှရင်မခုန်ခဲ့ဖူးဘူး သူ့ကျမှရင်ခုန်ခဲ့တာ ဒါနဲ့မင်းကဘာလို့ပျောက်သွားတာလဲ"
''အဲဒါလား ဟဲဟဲ ကြောက်လို့လစ်သွားတာ"
''သေပါတော့ငတိုးရယ်"
''မင်းသူ့ကိုချစ်လို့မရဘူးမဏ္ဏိ"
''ဘာလို့လဲ"
''မင်းအဖေနဲ့သူ့အဖေကတကယ့်ရန်သူတော်ကြီးတွေ ဘယ်လိုမှပေါင်းစပ်လို့မရတဲ့အခြေနေမို့မင်းရဲ့ချစ်ခြင်းကိုခုချိန်ထဲကရပ်စဲလိုက်ပါကွာ".
''မရပ်နိုင်ဘူး လူကြီးတွေရဲ့ရန်ငြိုးတွေကြောင့်ငါ့အချစ်တွေဘယ်တော့မှရပ်တန့်မပစ်နိုင်ဘူး ငါလျှံကိုချစ်တယ် မရ ရအောင်ချစ်ခွင့်ပန်မယ် လျှံကငါ့အပိုင်ဖြစ်ရမှာ"
''ဟင်းးးးမင်းကမင်းအဖေလိုပဲအရမ်းခေါင်းမာတာပဲမဏ္ဏိရယ်"
''.......''
မဏ္ဏိဘာမှပြန်မပြောပဲခပ်ဆိတ်ဆိတ်သာနေလိုက်တယ် လူကြီးတွေရဲ့အတ္တကြောင့်ခုမှဖြစ်ပေါ်လာတဲ့သူ့ရဲ့ချစ်ခြင်းကိုရပ်တန့်ပစ်စရာလား ဟင့်အင်း ဘယ်တော့မှပဲ မဏ္ဏိ လျှံကိုတကယ်ချစ်တာ ဒါကြောင့်လျှံနဲ့နီးစပ်အောင်လည်းကြိုးစားမယ်
YOU ARE READING
မြတ်နိုးရပါသော...
Fanfictionbagan beginning blကားလေးကြည့်ပြီးအရမ်းသဘောကျတာကြောင့်ရေးတာဖြစ်ပါတယ် အားပေးကျပါအုံးဗျို့