[Unicode
༒࿙မောင့်ရဲ့ ရွှေကြာ࿚༒
ဒီလိုနဲ့ ဂျောင်ဂုရဲ့ ကျင်လည်ရာပတ်၀န်းကျင်က ပြောင်းလာခဲ့ပြန်တယ်၊
စာချုပ်ချုပ်ပြီး ပထမဆုံးတစ်ရက်..."ဆေးစစ်ချက်အဖြေအလွှာတွေ မနက်ဖြန်လောက်လိုချင်တယ်"
ထယ်ယောင်းက သွေးပုလင်းတွေ စီရီနေတဲ့ ဂျီမင်းကိုပြောတော့ ထယ်ယောင်းဘေးနားမှာ ငြိမ်ငြိမ်လေး ထိုင်နေသူက ထယ်ယောင်းကို မသိမသာခိုးကြည့်တယ်၊ တစ်ခုခုပြောချင်ပင်မယ့် ၊တောင်းလည်းမတောင်းဆိုရဲဟန်
"ပြောစရာစကားရှိလို့လား"
မနေနိုင်စွာ ထယ်ယောင်းကမေးမှဘဲ ဂျောင်ဂုက ခေါင်းတစ်ဆက်ဆက်ငြိမ့်ရင်း
"မေမေ့ကို သွားကြည့်လို့ရပြီလားဟင်"
ဂျောင်ဂုစကားကြောင့် စာရွက်တွေအထပ်ထပ်နဲ့ အလုပ်ရူပ်နေတဲ့ဂျီမင်းက ဂျောင်ဂုအား တစ်ချက်ကြည့်လာကာ
"အာဆောရီး ကိုယ်က မင်းကိုပြန်သွားပြီထင်ေနတာ ၊ ဆေးစစ်ချက်ယူပြီးပြီမို့ ပြန်လို့ရပြီနော်၊အော် ဒါနဲ့ ဒါလေးတော့ပုံမှန်သောက်ပေး၊ သဘာ၀ကို ဆန်ကျင်နေတော့ ခန္ဓာကိုယ်က အရမ်းနာေန တယ်မဟုတ်လား"
ခပ်ပြုံးပြုံးလေးဆိုလာတဲ့ ဒေါက်တာပတ်ခ်စကားကြောင့် ပါးလေးတွေ ရဲသွားကာ မျက်လုံးလေးတွေ ဝိုင်းဆက်သွားသူက ဂျောင်ဂုသာ၊ ထယ်ယောင်းကတော့ ခေါင်းအားခါရမ်းကာ သူ့အခန်းသူ ပြန်ဟန်ပြင်နေရင်းမှ
"အာ ဒါနဲ့ ဂျောင်ဂု ....ကိုယ်ပထမဆုံး ပေးခဲ့တဲ့ ဆေးကဒ်တွေရှိေသးတယ်မှတ်လား"
"ဟင် ဟုတ်.."
ဂျီမင်းအား ကြည့်နေရင်းမှ ထယ်ယောင်းထံအကြည့်ပို့လာတဲ့ကောင်လေးက ခဏသာပင်၊ ချက်ချင်းအကြည့်အားလွှဲပစ်ကာ လက်လေးတွေအချင်းချင်း စုပ်လိုက် ဖြန့်လိုက် လုပ်နေသူက တစ်ဖက်သက် သဘောကျရသူထံမှ စကားစပြောလျှင် စိတ်လှုပ်ရှားသည့်ပုံ၊ သို့သော်ကောင်လေး စိတ်တွေက ရိုးသားခဲ့ပါသည်၊ သူဟာ ကြောက်သည်၊ ရှက်သည်လို့ပဲ တွေးထင်ခဲ့သည်မို့ပင်။
"အဲ့တာတွေကုန်ရင် ပြော၊ အဲ့ဆေးတွေ မပေးနဲ့ဦး ၊ side effects မိသွားရင် မကောင်းဘူး"